*** COVID-19 ရောဂါ ဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းလေးကို ပူးပေါင်းပါဝင် ဖြေဆိုပေးကြပါ ***
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ကောက်ခံခြင်း ဖြစ်ပါတယ်။
ဒီ Link လေးကို ဝင်ဖြေပေးပါ။

၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ မြန်မာပြည်တွင် COVID-19 တတိယလှိုင်း ဖြစ်ပွားလျက်ရှိရာ ပြည်သူလူထုအတွင်း COVID-19 ဖြစ်ပွားမှု၊ သေဆုံးမှုများကို စနစ်တကျ မှတ်တမ်းတင် ပြုစုထားရန် လိုအပ်ပါသည်။

ယခုစစ်တမ်းက ရရှိသော အချက်အလက်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးလုပ်ငန်း စီမံမှုများအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် "၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယခုအချိန်အတွင်း" မိမိကိုယ်တိုင် (သို့မဟုတ်) မိမိ၏ အတူနေ မိသားစုအတွင်း "ဖြစ်ပွားခဲ့ဖူးခြင်း (သို့မဟုတ်) ကွယ်လွန်ခဲ့ခြင်း" ရှိပါက ပူးပေါင်းပါဝင်ဖြေဆိုပေးစေလိုပါတယ်။
0 Comments