တယ်လီကျန်းမာ အွန်လိုင်းဆေးကုခန်းတွင် ကိုဗစ်-၁၉ တယ်လီဂရမ်ချန်နယ် (COVID-19 Telegram Channel) ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း (16-7-2021)
ကိုဗစ်-၁၉ တယ်လီဂရမ်ချန်နယ် (COVID-19 Telegram Channel) ဆေးခန်းများ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု လတ်တလော ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါလူနာများ အွန်လိုင်းမှတစ်ဆင့် တိုင်ပင်ဆွေးနွေးကုသနိုင်ရန် အောက်ပါ ကိုဗစ်-၁၉ တယ်လီဂရမ်ချန်နယ် (COVID-19 Telegram Channel) ဆေးခန်းများကို (၁၆-၇-၂၀၂၁) ရက်မှစတင်၍ တိုးချဲ့ဖွင့်လှစ်လိုက်ပါသည်။
ကိုဗစ်-၁၉ ရောဂါလူနာများသည် အောက်ပါ ကိုဗစ်-၁၉ တယ်လီဂရမ်ချန်နယ်များသို့ နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ တိုင်ပင်ဆွေးနွေးကုသနိုင်ကြပြီဖြစ်ပါသည်။
COVID-19 Telegram Channel 1
COVID-19 Telegram Channel 2
COVID-19 Telegram Channel 3
COVID-19 Telegram Channel 4
COVID-19 Telegram Channel 5
ကိုဗစ်-၁၉ ရောဂါလူနာများသည် တယ်လီဂရမ်ချန်နယ် တစ်ခုတည်းတွင် စုပြုံ၍ မပြဘဲ ချန်နယ် (၅) ခုအနက် မိမိနှစ်သက်ရာ ချန်နယ်တွင် နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီ။
ယခုရက်ပိုင်းအတွင်း တယ်လီကျန်းမာ Facebook Page Messenger သို့ ဝင်ရောက်မေးမြန်းကြသော ကိုဗစ်-၁၉ ရောဂါ လူနာများအနေဖြင့်လည်း ယခုဖွင့်လှစ်လိုက်သော ကိုဗစ်-၁၉ တယ်လီဂရမ်ချန်နယ်ဆေးခန်းများသို့ ဝင်ရောက်ပြသပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
----------------------------
တယ်လီကျန်းမာအွန်လိုင်းဆေးခန်း၏ ယခင်ပုံမှန်အစီအစဉ်များ
ကိုဗစ်-၁၉ ရောဂါ မဟုတ်သော အခြားလူနာများသည် ယခင်ဖွင့်လှစ်ထားရှိခဲ့သော တယ်လီကျန်းမာအွန်လိုင်းဆေးခန်းအစီအစဉ်များဖြစ်သည့် -
၁။ ဆရာဝန်နှင့် တိုက်ရိုက်ပြသလိုသော လူနာများအတွက် အင်တာနက်လိပ်စာ - https://doxy.me/telehealthmm တွင် တန်းစီစောင့်ဆိုင်းပြသခြင်း
သို့မဟုတ်
၂။ တုံကင်ယူ၍ ဆေးခန်းပြလိုသူများသည် တယ်လီကျန်းမာ Facebook Page (https://facebook.com/telehealthmm) ၏ ပင်မစာမျက်နှာရှိ "Book Now" ခလုတ်ကိုနှိပ်၍ သို့မဟုတ် Page Messenger သို့ Message ပို့၍ တုံကင်ယူပြသခြင်း
တို့ကို နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၆) နာရီအထိ တိုင်ပင်ကုသနိုင်ပါသည်။
ပုံမှန်တယ်လီကျန်းမာအွန်လိုင်းဆေးခန်းမှတစ်ဆင့် အထူးကုရောဂါ (၁၀) မျိုးအထိ တိုင်ပင်ဆွေးနွေးကုသနိုင်ပြီလည်း ဖြစ်ပါသည်။
ပြသနိုင်သော အထူးကုရောဂါ (၁၀) မျိုးမှာ အထွေထွေ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အရိုး၊ မျက်စိ၊ ဟော်မုန်းရောဂါများ ဖြစ်ပါသည်။ အထူးကုဆရာဝန်ကြီးများနှင့် ကုသလိုသူများကို တယ်လီကျန်းမာတာဝန်ကျဆရာဝန်များက လိုအပ်သလို ပြန်လည်ညွှန်းပို့ပေးမည် ဖြစ်ပါသည်။
----------------------------
ကိုဗစ်-၁၉ လူနာမဟုတ်ဘဲ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဗဟုသုတများ သက်သက်သာ မေးမြန်းလိုပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဗဟုသုတစင်တာ Facebook Page (https://facebook.com/ckcmohnugmm) တွင် သွားရောက်မေးမြန်းနိုင်ပါသည်။
ဝန်ဆောင်မှုအားလုံးသည် အခမဲ့ (အခမဲ့) ဖြစ်ပါသည်။
"MOH တယ်လီကျန်းမာ ... လူတိုင်းအတွက်ပါ"

0 Comments