=================================
- ကိုဗစ်-၁၉ ရောဂါကို ခုခံနိုင်ရန်အတွက် လက်တွေ့ပြုလုပ်ရန်မှာ ကိုယ်ခံအားမြင့်အောင် ပြုလုပ်ခြင်းသာ ဖြစ်ပါသည်။
- ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။
-
အရွယ်ရောက်ပြီးသားသူတစ်ယောက်အတွက် နေ့စဥ် အနည်းဆုံး ၇ နာရီခန့် နှစ်ခြိုက်စွာ အိပ်စက်အနားယူဖို့ လိုအပ်ပါသည်။
-
ဖြစ်နိုင်လျှင် နေ့စဥ် အိပ်ရာထ/ ဝင်ချိန် အချိန်တစ်ခုသတ်မှတ်၍ ပုံမှန်ထားရှိပါ။
- ကိုယ်ခံအားတက်စေသည့် အစားအစာများဖြစ်သော
- အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိအောင် စီမံပါ 
-
တစ်နေ့လျှင် အနည်းဆုံး ရေ ၂ လီတာခွဲ သောက်သုံးပေးသင့်ပါသည်။
-
သောက်ရေသန့် (သို့မဟုတ်) ကျိုချက်ထားသော ရေကိုသာ သောက်သုံးရပါမည်။
-
နေ့စဥ် အနည်းဆုံး နာရီဝက်ခန့် (မိနစ် ၃၀) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သင့်ပါသည်။
-
အထိုင်များသော သူဖြစ်ပါက ၂ နာရီ ထိုင်ပြီးတိုင်း ၅ မိနစ်ခန့် လမ်းလျှောက်ပါ။
- အောက်ပါနည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါသည် 
- နေ့စဥ်ဘဝအမောများကြားမှ ရယ်မောဖို့ မမေ့ပါနှင့် 
-
ဆေးလိပ်သောက်သုံးသူဖြစ်ပါက ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။ (ဆေးလိပ်သောက်ခြင်းသည် အဆုတ်ကို အဓိက ထိခိုက်စေပါသည်)
-
အရက်သောက်သုံးသူဖြစ်ပါက အရက်အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။ သောက်သုံးသည့် ပမာဏကို လျှော့ချရန် ကြိုးစားပါ။ အရက်လုံးဝမသောက်သည့်ရက် တစ်ပတ်လျှင် အနည်းဆုံး ၂ ရက် ရှိရပါမည်။ (အရက်သောက်ခြင်းသည် အသည်းကို အဓိက ထိခိုက်စေပါသည်)
-
လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးပညာပေး ပိုစတာများ၊ လက်ကမ်းစာစောင်များနှင့် ရုပ်သံဗီဒီယိုများကို တစ်စုတစ်စည်းတည်း Download ရယူရန်-
သို့မဟုတ်
သို့မဟုတ်

0 Comments