- အဆုတ်ကို ကာကွယ်တဲ့ အစားအစာရယ်လို့တော့ မရှိပါဘူး။ အဓိကအားဖြင့်တော့ အစာအာဟာရပြည့်ဝစေဖို့ သားငါးသီးရွက်ကို စုံလင်မျှတအောင် စားပေးပါ။
- အစာအာဟာရနှင့် ပတ်သက်၍ အောက်ပါ လမ်းညွှန်ချက်ကို ဖတ်ကြည့်စေလိုပါသည်။

ဆေးလိပ်သောက်ခြင်း

ကိုယ်တိုင်ဆေးလိပ်မသောက်သော်လည်း ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း (passive smoking)

အရက်သောက်ခြင်းတို့ကို ရှောင်ကြဥ်ပါ။ (အရက်သောက်ခြင်းက အသည်းလုပ်ဆောင်ချက်ကို အဓိက ထိခိုက်စေသော်လည်း ရေရှည်တွင် အဆုတ်ပါ ထိခိုက်နိုင်ကြောင်း တွေ့ရပါသည်)
- အဝတ် mask များကို အသုံးပြုပြီးတိုင်း လျှော်ဖွပ်ရပါမည်။ အနည်းဆုံးတော့ တစ်နေ့လျှင် တစ်ကြိမ်လျှော်သင့်ပါသည်။ အဝတ် mask လျှော်ဖွပ်ပုံကို အောက်ပါပိုစ့် မေးခွန်း ၁ တွင် ကြည့်ပါ။
- နေ့စဥ်လှုပ်ရှားသွားလာရာတွင် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (surgical mask) တစ်ခုပဲ တပ်လို့ ရပါတယ်။ အဝတ် mask တစ်ခုတည်း တပ်မယ်ဆိုလျှင်တော့
#အနည်းဆုံးအလွှာ_၃_လွှာဖြင့် ချုပ်ထားသော အဝတ် mask ဖြစ်မှသာ စိတ်ချရပါမည်။ အဝတ် mask တွင် ပါဝင်သော ပိတ်စအလွှာ ၃ လွှာအကြောင်းကို အောက်ပါပိုစ့် မေးခွန်း ၃ တွင် ဖတ်နိုင်ပါသည်။
- အဝတ် mask အကြောင်း အခြားသိကောင်းစရာများကို အောက်ပါ လင့်ခ်တွင်လည်း ဖတ်နိုင်ပါသည်။

ကလိုရင်းပိုးသတ်ဆေးရည်ကို လူကို ဖျန်းခြင်း
#မပြုလုပ်ရပါ၊ သက်မဲ့မျက်နှာပြင်များကို ပိုးသတ်ရန်သာ ဖြစ်ပါသည်။
- သက်မဲ့မျက်နှာပြင်များကို 0.1% ကလိုရင်းဆေးရည်ဖျန်းသည့်အခါတွင်တောင်မှ တစ်ကိုယ်ရည်သုံးအကာအကွယ်ပစ္စည်းများ ပြည့်ပြည့်စုံစုံသုံးပြီးမှသာ ဖျန်းရပါသည်။ ထို့ကြောင့် လူကို တိုက်ရိုက်ဖျန်းခြင်း (လုံးဝ) လုံးဝ မပြုရပါ။

လုပ်ရမည့် အချက်မှာ ရေနှင့်ဆပ်ပြာသုံးပြီး လက်ကို စနစ်တကျ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးပါ။ ရေမရရှိနိုင်ပါက အနည်းဆုံး Alcohol (60%) ပါသည့် ရေမလိုလက်သန့်ဆေးရည်ကို အသုံးပြုပါ။
- ဤကိုဗစ်ကာလတွင်

လတ်တလော ဖျားနာ၊ ချောင်းဆိုးခြင်းနှင့် အခြား ကိုဗစ်လက္ခဏာ ရှိသူများ

မကြာသေးမီကမှ ကိုဗစ်ပိုးစစ်ဆေးရာမှ positive ဖြစ်သူများ

ကိုဗစ်ပိုးစစ်ဆေးခြင်းအဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်သူများ

လက်ရှိ ဘာလက္ခဏာမှ မရှိသော်လည်း ကိုဗစ်ပိုးစစ်ဆေးရာမှ positive ဖြစ်သူများ

ပိုးတွေ့အတည်ပြုလူနာနှင့် လွန်ခဲ့သည့် ၁၄ ရက်အတွင်း အနီးကပ်ရှိနေခဲ့သူများ ခရီးသွားခြင်း မပြုသင့်ပါ။
- ကိုဗစ်ဖြစ်ပြီးသားသူက သတ်မှတ်ထားသည့် သီးခြားခွဲနေရမယ့် ရက်လည်း ပြည့်မယ်၊ လက်ရှိ ဘာလက္ခဏာမှလည်း ရှိမနေဘူးဆိုလျှင်တော့ လေယာဥ်နဲ့ ခရီးထွက်လို့ ရပါတယ်။ သီးခြားခွဲနေရမည့် ရက်နှင့် ပတ်သက်၍ အောက်ပါပိုစ့် မေးခွန်း ၄ တွင် ကျေးဇူးပြု၍ ဖတ်ပေးပါ။
- ဤကာလတွင် လေယာဥ်နှင့် ခရီးသွားပါက အောက်ပါအချက်များကို လိုက်နာပေးပါ။

မဖြစ်မနေ လိုအပ်မှသာ ခရီးသွားပါ

ခရီးစဥ်မတိုင်ခင် ကိုဗစ်ကာကွယ်ဆေးထိုးထားနိုင်လျှင် ကောင်းပါသည်

ခရီးစဥ်တစ်လျှောက်နှင့် လေဆိပ်တွင် ရှိနေစဥ်အတွင်း mask တပ်ထားရမည်

အဆောက်အဦအတွင်းတွင် ဖြစ်စေ၊ လေယာဥ်တက်/ ဆင်းဖို့ တန်းစီ စောင့်ဆိုင်းနေစဥ် ဖြစ်စေ တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၆ ပေအကွာ နေရပါမည် (လေယာဥ်ခုံကပ်လျက် ထိုင်ရလျှင်မူ မစိုးရိမ်ပါနှင့်၊ လေယာဥ်ရှိ အဲကွန်းများသည် အတွင်းလေကို အပြင်သို့ စစ်ထုတ်နိုင်အောင် စီမံထားပါသည်)

အိမ်သာအသုံးပြုဖို့ လူများနေပါက နေရာတွင်သာ စောင့်ဆိုင်းပြီး လူရှင်းမှသာ သွားသင့်ပါသည်၊ တန်းစီ စောင့်ဆိုင်းနေတာမျိုးကို တတ်နိုင်သမျှ ရှောင်ပေးပါ

Alcohol 60% ပါသည့် ရေမလိုလက်သန့်ဆေးရည်ဘူး အသေးလေး (အများဆုံး 100 ml ပါဝင်သည့်ဘူး) ကို ကိုယ်နှင့်မကွာ ဆောင်သွားပါ

ဘယ်မျက်နှာပြင်မဆို ထိကိုင်ပြီးတိုင်း လက်ကို ရေနှင့်ဆပ်ပြာ (သို့မဟုတ်) ရေမလိုလက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ

မိမိ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် မကိုင်မိစေရန် သတိထားရမည်

နှာချေ/ ချောင်းဆိုးသည့်အခါ တစ်သျှူးစက္ကူ/ တံတောင်ကွေးဖြင့် ဖုံးအုပ်ပါ၊ အသုံးပြုပြီးသား တစ်ရှူးကို အမှိုက်အိတ်ထဲ စနစ်တကျ စွန့်ပစ်ပြီး လက်ဆေးဖို့ မမေ့ပါနှင့်

လေယာဥ်ခရီးစဥ်အတွင်း ခြေထောက်သွေးကြောခဲခြင်းမှ ကာကွယ်ရန် ၁ နာရီကြာတိုင်း ၃ - ၄ မိနစ်ခန့် ခြေဖဝါးကို အပေါ်ကော့လိုက်/ အောက်ပြန်ဆန့်လိုက် ပြုလုပ်ပေးပါ၊ သွေးလည်ပတ်မှုကောင်းစေသည့် compression stocking လိုမျိုး ဝတ်ထားနိုင်လျှင် ပိုကောင်းပါသည်၊ ရေများများ သောက်ပါ၊ အိပ်ဆေး သောက်ခြင်းကို ရှောင်ကြဥ်ပါ

လေယာဥ်မောင်/မယ်များမှ အခါအားလျော်စွာ ညွှန်ကြားသော အချက်များကို တိကျစွာ လိုက်နာရပါမည်

ခရီးစဥ်အတွင်း နေထိုင်မကောင်းဖြစ်ပါက လေယာဥ်မောင်/မယ်များကို အကြောင်းကြားပါ

မိမိသွားလိုသည့် ဒေသသို့ ရောက်လျှင် နေအိမ်အခန်းတစ်ခု၌ ၁၄ ရက် သီးခြားခွဲနေ စောင့်ကြည့်သင့်ပါသည်၊ ထိုအတွင်း နေထိုင်မကောင်းဖြစ်ပါက နီးစပ်ရာ ဆေးကုဌာနတွင် ဆေးကုသမှု ခံယူရပါမည်။
0 Comments