
=================================
ဖြေ - ရောဂါလက္ခဏာရှိသူတွင် ပထမဆုံးရောဂါလက္ခဏာ စပေါ်သည့်ရက်မှစ၍ အနည်းဆုံး ၁၀ရက်အပြင်
- ကိုယ်ပူကျဆေးမသောက်ဘဲ ကိုယ်ပူမရှိတာ ၂၄နာရီပြည့်ပြီး
-အခြားရောဂါလက္ခဏာများ သက်သာလာလျှင် သီးသန့်နေထိုင်ခြင်းပြီးဆုံးနိုင်သည်။
ထိုအချက်များနှင့် ပြည်စုံပါက အခြားသူများကို မကူးစက်စေနိုင်တော့ပါ။
သို့သော် ကိုဗစ်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာသူများတွင် ကိုဗစ်ထပ်မံကူးစက်ခံရသည့် ဖြစ်စဉ်များရှိသည့်အတွက် အပြင်သွားတိုင်း၊ အတူနေမဟုတ်သူ သူစိမ်းများနှင့် စကားပြောတိုင်း mask တပ်ခြင်း၊ လက်မကြာခဏဆေးခြင်း၊ ၆ပေခွာနေခြင်း၊ လက်ဖြင့် မျက်စိ နှာခေါင်း ပါးစပ်တို့ကို မထိခြင်း၊ လူထူထပ်သောနေရာ နှင့် အလုံပိတ်သော အဆောက်အဦးများကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ရပါမည်။
ကိုဗစ်ရောဂါလူနာအား ပြုစုပေးသူများသည် လူနာနှင့်နောက်ဆုံးထိတွေ့ခဲ့သည့်အချိန်မှစ၍ #၁၄ရက် သီးခြားနေထိုင်ရန်လိုအပ်ပါသည်။ သီးခြားနေထိုင်စဉ် ကိုယ်ပူချိန်တိုင်းခြင်း၊ ကိုဗစ်ရောဂါလက္ခဏာများဖြစ်သည့် ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း အစရှိသည့် ရောဂါလက္ခဏာများကို စောင့်ကြည့်ခြင်းတို့ကို ပြုလုပ်ရပါမည်။ ရောဂါလက္ခဏာ တစ်စုံတစ်ရာပေါ်ပေါက်လာပါက ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။
ဖြေ - ကိုဗစ်ရောဂါရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်းတို့မှ ထွက်လာသော အမှုန်အမွှားများသည် အရာဝတ္ထုမျက်နှာပြင်ပေါ်ကျပြီး ထိုမျက်နှာပြင်အား တစ်စုံတစ်ယောက်က ကိုင်မိပါက ပိုးများသည် လက်ပေါ်ရောက်ရှိသွားပါသည်။ ထိုပိုးရှိသောလက်ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို ထိမိပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့ကြောင့် အရာဝတ္ထုများကို ထိတွေ့ပြီးတိုင်း ဆပ်ပြာနှင့်ရေကိုသုံး၍ စနစ်တကျလက်ဆေးခြင်း ( သို့မဟုတ် ) Alcohol ၇၀% ပါသော လက်သန့်ဆေးရည်ဖြင့် လက်ကိုစနစ်တကျဆေးခြင်းတို့ကိုပြုလုပ်ပေးရပါမည်။ ထို့အပြင် လက်ဖြင့် မျက်စိ၊ နှာခေါင်း နှင့် ပါးစပ်တို့ကို မထိတွေ့ရန်လည်း လိုအပ်ပါသည်။
=================================
- Quaternary ammonium salt ခေါ် Quats သည် (ဥပမာ - Benzalkonium chloride, Benzethonium chloride, Alkyl dimethyl benzyl ammonium chloride, Didecyl dimethyl ammonium chloride အစရှိသည့် ဓာတုဗေဒအမည်များဖြင့်) အိမ်သုံးပိုးသတ်သန့်စင်ဆေးရည်များတွင် ပါဝင်လေ့ ရှိပြီး ကိုဗစ်ရောဂါပိုးကို ထိရောက်စွာ သတ်နိုင်ပါသည်။
- #ကောင်းကျိုးအနေဖြင့် Quats သည် အချိန်တိုတိုအတွင်း (၁၅-၃၀ စက္ကန့်မှ မိနစ်ပိုင်းအတွင်း) ကိုဗစ်ရောဂါပိုးအပါအဝင် အခြားရောဂါပိုးများကိုလည်း သေစေ၍ ဖျန်းထားပြီးသော မျက်နှာပြင်ပေါ်တွင် ပိုးသတ်ဆေး ရက်အတန်ကြာစွဲကပ်နေသဖြင့် မျက်နှာပြင်ပိုးသတ်ခြင်းကို ထိရောက်မှု ရှိစေပါသည်။
- #ဆိုးပြစ်အနေနဲ့ကတော့ ပိုးသတ်သန့်စင်ဆေးရည်၊ ဓာတုဆေးရည်ဖြစ်သည့်အလျောက် တစ်ကိုယ်ရည်အကာအကွယ်များ မပါဘဲ သုံးလျှင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ (အရေပြားယားယံ၍ အနီကွက်ထခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်ခြင်း၊ ပန်းနာရင်ကြပ်ထစေခြင်း) ဖြစ်စေနိုင်ပါသည်။ ထို့အပြင် မျက်နှာပြင်တွင် ရက်အတန်ကြာစွဲကပ်နေနိုင်သဖြင့် ပိုးသတ်သန့်စင်ဆေးရည်နှင့် မိမိ တိုက်ရိုက်ထိတွေ့မှု အန္တရာယ် ရှိနေနိုင်ပါသည်။
- ယခုအချိန်တွင် အမေရိကန်၊ ပြင်သစ်၊ အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ကိုဗစ် စတုတ္ထလှိုင်း ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပါသည်။
- လက်ရှိ မြန်မာနိုင်ငံတွင်တော့ ကိုဗစ် တတိယလှိုင်း ဖြစ်ပွားလျက် ရှိပါသည်။
- ကိုဗစ်ရောဂါသည် ကူးစက်ရောဂါတို့၏ သဘာဝအတိုင်း ဖြစ်ပွားသူဦးရေ တဖြည်းဖြည်းများလာ၊ အများဆုံးအခြေအနေတစ်ခု (peak) သို့ ရောက်၊ ပြီးမှ တဖြည်းဖြည်း ပြန်ကျသွားတာကို graph ပုံတွင် ဆွဲကြည့်လျှင် လှိုင်းလုံး (wave) သဖွယ် တွေ့နိုင်ပါသည်။
- လှိုင်းလုံးတစ်ခု ငြိမ်သွားသော်လည်း နောက်လှိုင်းလုံးတစ်ခုအနေဖြင့် ထပ်၍ လာနိုင်သောကြောင့် ရောဂါကာကွယ်ရေးနည်းလမ်းများဖြစ်သည့် mask တပ်၊ လက်ဆေး၊ ၆ ပေကွာ ခပ်ခွာခွာနေခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို #စဥ်ဆက်မပြတ်လုပ်ဆောင်ရန် အလွန်အရေးကြီးပါသည်။
- ယေဘုယျအားဖြင့် ပြောလျှင်တော့ ထိုပစ္စည်းများကို ကိုင်တွယ်၍ ရပါပြီ။
- သို့သော် #လူနာပြုစုခြင်းပြီးဆုံးပါက (သီးသန့်နေဖို့ ရက်ပြည့်သွားပြီးပါက) ပိုးတွေ့အတည်ပြုလူနာ အခန်းတွင်းရှိ မျက်နှာပြင်များအပါအဝင် #နေအိမ်တစ်ခုလုံး ပိုးသတ်သန့်စင် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။
- နေအိမ်ပိုးသတ်သန့်ရှင်းပုံကို ဤပိုစ့် မေးခွန်း ၅ တွင် အသေးစိတ် ဖတ်ရှုပေးပါ။
- ပိုးတွေ့လူနာများကို ပြုစုစောင့်ရှောက်မှုပေးသူများသည် တစ်ကိုယ်သုံးအကာအကွယ်ပစ္စည်းများ (PPE – Personal Protective Equipment) ဖြစ်သည့် ရေစိမ့်မဝင်နိုင်သော ဝတ်ရုံ (gown)၊ ခွဲခန်းသုံး ခေါင်းစွပ် (surgical cap)၊ N95 mask (သို့မဟုတ်) ခွဲခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (surgical mask)၊ မျက်မှန်အကာ (goggles) (သို့မဟုတ်) face shield၊ လက်အိတ်တို့ကို #အစဥ်အတိုင်းစနစ်တကျဝတ်ဆင်ရပါမည်။
- PPE ဝတ်ဆင်ပုံနှင့် ချွတ်ပုံတို့ကို ဤဗီဒီယိုလင့်ခ်တွင် ကြည့်ရှုပေးပါ
- အဖြူရောင် PPE ဝတ်စုံရှိပါက အောက်ပါဗီဒီယိုအတိုင်း ဝတ်ဆင်နိုင်ပါသည်။
- လူနာတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာပြသပုံချင်း မတူသောကြောင့် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ဆေးကုသမှုခံယူ၍ ဆေးတိုက်သင့်ပါသည်။
- ယေဘုယျအားဖြင့်တော့ -
- ဘယ်အတိုင်းအတာအထိ စောင့်ရှောက်ထားရမလဲ၊ ဘယ်ရက်တွင် နေအိမ်ပြန်ပို့လို့ ရပြီလဲနှင့် ပတ်သက်၍ ဤပိုစ့် မေးခွန်း ၄ ကို ကျေးဇူးပြု၍ ဖတ်ပေးပါ။
- ပိုးတွေ့လူနာ ထားသည့်နေရာ ပိုးသတ်သန့်ရှင်းပုံကို ဤပိုစ့် မေးခွန်း ၅ တွင် အသေးစိတ် ဖတ်ရှုပေးပါ။
0 Comments