
=================================
>>> ဖြေ။ ကိုဗစ်ရောဂါ ခံစားရသူအများစုမှာ သီတင်းပတ် အနည်းငယ်အတွင်း သက်သာသွားလေ့ရှိပါတယ်။ နောက်ဆက်တွဲရောဂါလက္ခဏာများ ခံစားရနိုင်မှုကာလမှာ တစ်ဦးနှင့် တစ်ဦး မတူကွဲပြားပါတယ်။ အချို့မှာ ၃ လခန့်တွင် သက်သာသွားလေ့ရှိပြီး အခြားသူများမှာ ထို့ထက်ပို၍ ကြာနိုင်ပါတယ်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များမှ ၎င်းတို့နှင့် ပတ်သက်၍ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါမှ သက်သာလာသော်လည်း အောက်ပါလက္ခဏာများကို #တစ်လနှင့်အထက် ခံစားရပါက ဆရာဝန်နှင့် တိုင်ပင် ပြသသင့်ပါတယ်။ ကိုဗစ်ရဲ့ နောက်ဆက်တွဲ ခံစားရတဲ့ လက္ခဏာတွေအနေနဲ့ အလွန်အမင်း နွမ်းနယ်ခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကြပ်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ ခေါင်းမူးခြင်း၊ ခြေလက်များ ကျဉ်ခြင်း၊ အဆစ်အမြစ်များ ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားမှုများခြင်း၊ နားထဲမှ လေထွက်ခြင်း၊ နားကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်ပူတက်ခြင်း၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့နှင့်အရသာ ခံစားမှု ပြောင်းလဲခြင်း၊ အရေပြားတွင် အနီကွက်များထခြင်းနှင့် အမျိုးသမီးများတွင် ဓမ္မတာရာသီစက်ဝန်းပြောင်းလဲခြင်းတို့ ခံစားရနိုင်ပါတယ်။
ရောဂါပြင်းထန်စွာ ခံစားခဲ့ရသူတချို့တွင် နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြားနှင့် ဦးနှောက်စသည့် ကိုယ်တွင်းအင်္ဂါများစွာ ထိခိုက်ခြင်းနှင့် မိမိကိုယ်ခံအားကြောင့် မိမိအားတန်ပြန်ထိခိုက်ခံရခြင်းရောဂါများ ဖြစ်ပေါ်နိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေများကြောင့် ယခင်က မဖြစ်ဖူးခဲ့သော နှလုံး၊ သွေးတိုး၊ ဆီးချို စသည့် ရောဂါများ ခံစားလာရနိုင်ပါတယ်။
>>> ဖြေ။ ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာပြပြီး တစ်ပတ် ဆယ်ရက်အတွင်း သက်သာလာလေ့ရှိသော်လည်း အချို့သူများမှာ ထို့ထက်ပို၍ ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။ အချို့သူများတွင် ဒုတိယအပတ်မှ စတင်ပြီး ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သဖြင့် အခြားရောဂါလက္ခဏာများ ရှိမရှိ၊ အောက်ဆီဂျင် လျော့နည်းခြင်း ရှိမရှိတို့ကို ဂရုစိုက်ရဦးမှာ ဖြစ်ပါတယ်။
>>> ဖြေ။ လေ့လာမှုများအရ လက်ရှိမျိုးကွဲ Delta variantမှာ ယခင်မျိုးကွဲများထက် ၆၀ ရာခိုင်နှုန်း ကူးစက်မှုနှုန်း ပိုမိုများတာ တွေ့ရပါတယ်။ အများစု ရောဂါလက္ခဏာများမှာ တူညီပါတယ်။ အချို့လေ့လာမှုများတွင် နှာရည်ကျခြင်း၊ လည်ချောင်းနာခြင်းများ ပိုမိုခံစားရကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာများအကြောင်းကို https://www.facebook.com/ckcmohnugmm/posts/106839781668277 တွင် ဖတ်ပေးပါ။
>>> ဖြေ။ ရောဂါကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာပြပြီး တစ်ပတ်မှ နှစ်ပတ်အထိ ရောဂါလက္ခဏာများ ခံစားရနိုင်သော်လည်း အချို့သူများမှာ နောက်ဆက်တွဲ ရောဂါလက္ခဏာများအဖြစ် ဆက်လက်ခံစားရနိုင်ပါတယ်။ မေးခွန်း ၁ ရဲ့ အဖြေကို ဖတ်ပေးပါ။
>>> ဖြေ။ ကိုဗစ်ရောဂါတွင် ရောဂါလက္ခဏာခံစားရပုံများမှာ တစ်ဦးနှင့်တစ်ဦး တူညီမှု မရှိပါ။ ချောင်းမဆိုးခြင်းသည် အဆုတ်ကို လွန်စွာ မထိခိုက်ခြင်းဟု တသမတ်တည်း မဆိုနိုင်ပါ။ အဆုတ်ထိခိုက်သူအချို့တွင် ချောင်းမဆိုးသော်လည်း သွေးတွင်းအောက်ဆီဂျင်ကျခြင်း၊ မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းစသည်တို့လည်း ခံစားရနိုင်ပါတယ်။
>>> ဖြေ။ ရေချိုး၍ ရောဂါအခြေအနေဆိုးသွားရခြင်း မဟုတ်ပါ။ ရောဂါ၏ ဖြစ်စဉ်သဘောသဘာဝအရ အောက်ဆီဂျင်ကျဆင်းသွားရခြင်း ဖြစ်ပါတယ်။ အချို့သူများတွင် အောက်ဆီဂျင်လျော့နည်းနေသည်ကို သတိမပြုမိဘဲ လှုပ်လှုပ်ရှားရှား ပြုလုပ်မိပါက အောက်ဆီဂျင် ပိုမိုကျဆင်းခြင်းနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။ ထို့ကြောင့် လှုပ်ရှားသည့်အခါ မောခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အောက်ဆီဂျင်ကျဆင်းခြင်းများ မရှိပါက ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်း စသည့် တကိုယ်ရည်သန့်ရှင်းရေးများကို ပုံမှန်ပြုလုပ်နိုင်ပါတယ်။
0 Comments