
#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (16.7.21)
=================================
- ရပါတယ်။ အနည်းဆုံး Alcohol 70% ပါတာကို သုံးပေးရပါမယ်။
- ကိုဗစ်သံသယ/ အတည်ပြုလူနာရှိလျှင် နေအိမ်အတွင်း ပိုးသတ်သန့်စင်ပုံကို ဤတွင် ကြည့်ရှုပါ https://www.facebook.com/ckcmohnugmm/videos/515861239662070
- သက်မဲ့အရာဝတ္ထုများတွင် ကိုဗစ်ပိုးကပ်ငြိနေနိုင်သော်လည်း ကိုဗစ်ပိုးသည် လူနာ၏ ခန္ဓာကိုယ်အပြင်ဘက် သက်မဲ့အရာပေါ်ရောက်ပြီးသည်နှင့် မပွားများနိုင်သောကြောင့် အားပျော့သွားပြီ ဖြစ်ပါသည်။ ကိုဗစ်ပိုးသည် သက်ရှိသတ္တဝါ၏ ခန္ဓာကိုယ်ထဲ၌သာ ရှင်သန်ပွားများနိုင်ပါသည်။ (#ကိုဗစ်ပိုးအဓိကကူးစက်သည့်နည်းလမ်းမှာ ရောဂါပိုးရှိသူမှ တစ်ဆင့် နှာချေ၊ ချောင်းဆိုးရာတွင် လွင့်စင်လာသော အမှုန်အမွှားများကို ရှူရှိုက်မိခြင်း ဖြစ်သည်ကိုလည်း သတိပြုစေချင်ပါသည်။)
- ထို့ကြောင့် လတ်တလော ဝယ်လာသော အဝတ်အစားအသစ်ကိုပင် ဖြစ်စေ၊ လက်ရှိ ဝတ်နေသော အပြင်ဝတ်အင်္ကျီကိုပင် ဖြစ်စေ ပုံမှန်အတိုင်း ရေလျှော် မီးပူတိုက်နိုင်ပါသည်။ (အင်္ကျီအသစ်ကို မဝတ်ခင် အရင်လျှော်ခြင်းသည် ပိုးမွှားကင်းစင်စေသကဲ့သို့ အင်္ကျီရှိ ဓာတုဆိုးဆေးနှင့် အရေပြား တိုက်ရိုက်ထိတွေ့ခြင်းကိုလည်း ရှောင်ကြဥ်ပြီးသား ဖြစ်စေပါသည်)
- အပြင်ဝတ်အင်္ကျီကို အခြားအဝတ်များနှင့် အတူရော၍ ပုံမှန်အတိုင်း လျှော်နိုင်ပါသည်။
- ထုံး (Calcium oxide) ကို သားသတ်လုပ်ငန်းများတွင် ပိုးသတ်သန့်စင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အသုံးများပါသည်။
- ထုံးဖြူးခြင်းဖြင့် ကိုဗစ်ရောဂါပိုး သေစေသည်ဆိုပြီး ပိုးသတ်သန့်စင်နည်းလမ်းများတွင် နိုင်ငံတကာမှ အသိအမှတ်ပြုထားခြင်း မရှိပါ။ ထို့ကြောင့် ပတ်ဝန်းကျင်တွင် #ထုံးမှုန့်ဖြူးခြင်းသည်ကိုဗစ်ရောဂါကာကွယ်ရာမရောက်ပါ။ (ထုံးဖြူးလျှင် ပိုးက ထုံးမှာ ကပ်ပြီး ပွားတယ်ဆိုတာတော့ မဟုတ်ပါ၊ ကိုဗစ်ပိုးသည် ခန္ဓာကိုယ်ပြင်ပ သက်မဲ့အရာပေါ်တွင် ပွားများဖို့ မဖြစ်နိုင်ပါ)
- ထုံးဖြူးရာတွင် ထုံးမှုန့်ကို ထိတွေ့ကိုင်တွယ်ခြင်း၊ ရှူရှိုက်မိခြင်းတို့ကြောင့် ဓာတ်မတည့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ကျောက်တည်ခြင်းစသော ဘေးထွက်ဆိုးကျိုးများကိုပါ ခံစားရနိုင်သည်ကိုပါ သတိပြုစေလိုပါသည်။
- ထို့အပြင် #အပြင်ပတ်ဝန်းကျင် လမ်းများ၊ ဈေးများကို ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) မှ ညွှန်းဆိုထားခြင်းမရှိပါ။ အကြောင်းမှာ အပြင် ပတ်ဝန်းကျင်တွင် သဲများ၊ ဖုန်မှုန့်များ များစွာ ရှိသောကြောင့် ပိုးသတ်ဆေးဖျန်းခြင်းသည် ထိရောက်မှု မရှိနိုင်ပါ။ ထိုအပြင် ပတ်ဝန်းကျင်ကို အမှိုက်သရိုက်များ လုံးဝကင်းစင်သွားအောင် ပြုလုပ်ရန်မှာ လက်တွေ့ မဖြစ်နိုင်ပါ။ ဖြစ်သွားသည် ထားဦးတော့၊ အပြင်မျက်နှာပြင်များအားလုံးကို ပိုးသတ်ဆေးရည်နှင့် လုံလုံလောက်လောက် ထိတွေ့ရန်မှာ ခဲယဥ်းလှပါသည်။
- ထို့အတူ #အတွင်းပတ်ဝန်းကျင် (ဥပမာ - တိုက်ခန်းလှေကား၊ ခြံဝန်း၊ အိမ်ခန်းစသည်) ကိုလည်း ဆေးဖျန်းခြင်း၊ ဆေးမှုတ်ခြင်းပြုလုပ်ရန် WHO မှ ညွှန်းဆိုထားခြင်းမရှိပါ။ ဖျန်းလိုက်သည့် ပိုးသတ်ဆေးများကြောင့် မျက်စိ၊ အသက်ရှူလမ်းကြောင်း၊ အရေပြားများ ထိခိုက်ခြင်းစသည့် ဆိုးပြစ်များသာ ဖြစ်ပေါ်စေသောကြောင့် မလုပ်ဆောင်သင့်ပါ။
Ref:
Cleaning and disinfection of environmental surfaces in the context of COVID-19 – WHO Interim Guidance (Updated May 15, 2020)
- မိသားစုဝင်တစ်ယောက် အသက်ဆုံးရှုံးသွားတဲ့အတွက် မိသားစုနဲ့ထပ်တူ စိတ်မကောင်း ဖြစ်မိပါတယ်။
- ကိုဗစ်ရောဂါနှင့် ဆုံးသွားသော ရုပ်အလောင်းမှတစ်ဆင့် ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေ အလွန်နည်းပြီး ယနေ့အချိန်အထိ ထိုသို့ ကူးစက်ခြင်းကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။ (မှတ်ချက်။ သက်မဲ့ခန္ဓာကို ရင်ခွဲစစ်ဆေးရာတွင် တစ်ကိုယ်ရည်ကာကွယ်မှုများ ပြည့်ပြည့်စုံစုံ မလုပ်လျှင်တော့ အဆုတ်နှင့် အခြား ကလီစာများ ကိုင်တွယ်ခြင်းမှတစ်ဆင့် ကူးစက်နိုင်ခြေ ရှိပါသည်)
- သို့သော်လည်း သေသူ၏ ရုပ်အလောင်း (ခန္ဓာကိုယ်မှ စိမ့်ထွက်သော အရည်များ အပါအဝင်) တွင် #ကိုဗစ်ရောဂါပိုးရှိနေနိုင်သောကြောင့်
- ရုပ်အလောင်း ပြင်ဆင်သူ ဦးရေ တတ်နိုင်သမျှ အနည်းဆုံးဖြင့် ဆောင်ရွက်ပါ။ (ကလေးများ၊ အသက် ၆၀ ကျော် လူကြီးများ၊ အခံရောဂါတစ်ခုခု ရှိသူများ၊ ခုခံအား ကျဆင်းနေသူများ မဖြစ်ရပါ)
- သက်မဲ့ခန္ဓာ ကြည့်ရှုသူ မိသားစုဝင်များသည် mask တပ်ဆင်လျက် ၆ ပေအကွာကသာ ခပ်ခွာခွာ ကြည့်ရှုပါ။ ကြည့်ရှုပြီးတိုင်းလည်း ဆပ်ပြာနှင့်ရေ သုံးကာ လက်ဆေးပါ။
- ရုပ်အလောင်းကို အဝတ်ဖြင့် ပတ်၍ ဖြစ်စေ၊ ရုပ်အလောင်းထည့်သည့် အိတ် (body bag) ဖြင့် ထည့်၍ ဖြစ်စေ ရေဝေး/ သုဿာန်သို့ အမြန်ဆုံးပို့ဆောင်ရန် လိုအပ်ပါသည်။ သယ်ယူပို့ဆောင်ရာတွင် ရုပ်အလောင်းမှ အရည်များ စိမ့်ထွက်ခြင်း မရှိစေရန် သတိပြုဆောင်ရွက်ပါ။
- ရုပ်အလောင်းကို မီးသင်္ဂြိုဟ်နိုင်သကဲ့သို့ မြေမြှုပ်သင်္ဂြိုဟ်ခြင်းကိုလည်း လုပ်ဆောင်နိုင်ပါသည်။
Ref:
Infection prevention and control for the safe management of a dead body in the context of COVID-19 - WHO Interim Guidance (Updated Sep 4, 2020)
- အသွားအလား ကန့်သတ်ရက် (quarantine) ပြည့်ပြီးသူများသည် နေအိမ်တွင် မိသားစုနှင့်တူတူ ချက်ချင်း နီးနီးကပ်ကပ် မနေသင့်ပါ၊ နေအိမ်တွင် quarantine သဘောမျိုး #နောက်ထပ်_၇_ရက် (#HomeQuarantine) ထပ်နေရန် အကြံပြုပါသည်။ ထို ၇ ရက်နောက်တွင်မှ #မည်သည့်လက္ခဏာများမှလည်းမပေါ်မှသာ မိသားစုဝင်များနှင့် ပုံမှန်အတိုင်း ပြန်လည်နေထိုင်ရပါမည်။ (ဖျားနာ/ ချောင်းဆိုး/ အနံ့ပျောက်/ အသက်ရှူမဝ စသည်တို့ ပေါ်ပေါက်ပါက နီးစပ်ရာ ဆရာဝန်၊ ဆေးကုဌာနနှင့် တိုင်ပင်ဆွေးနွေးကာ ကုသမှုခံယူပါ)
- Home quarantine ၇ ရက်တွင် မိမိကိုယ်ကို ကိုဗစ်သံသယလူနာကဲ့သို့ သဘောထားပြီး သတိကြီးစွာ နေထိုင်ရန် အရေးကြီးပါသည်။ Home quarantine အတွင်း ဆောင်ရန်/ ရှောင်ရန်ကို ဤပိုစ့်များတွင် ဖတ်ပါ။
- လျှော်ပြီးသား အဝတ်များ ထပ်လျှော်ဖို့တော့ မလိုအပ်ပါ။ (စိတ်ပူတတ်လျှင်တော့လည်း ပြန်လျှော်ပါ)
0 Comments