
#ကိုဗစ်Vaccineဆိုင်ရာမေးခွန်းများ (6.7.21)
#နောက်တစ်ကြိမ်ကိုဗစ်ဖြစ်/မဖြစ်
======================================
- ကိုဗစ်-၁၉ ကာကွယ်ဆေးဟာလည်း အခြားကာကွယ်ဆေးတွေနဲ့အလားတူပါပဲ။ ကာကွယ်ဆေး ထိုးပြီး ရောဂါကာကွယ်နိုင်တဲ့အခြေအနေရောက်ဖို့အတွက် အနည်းဆုံး (၂) ပတ်ခန့်ကြာမြင့်ပါတယ်။ အကယ်၍ လူတစ်ဦးဟာ ကာကွယ်ဆေးမထိုးခင် (သို့မဟုတ်) ကာကွယ်ဆေးထိုးပြီး (၂) ပတ်အတွင်း ရောဂါပိုးဝင်ရောက်ထားခဲ့လျှင် ကာကွယ်ဆေးထိုးထားသော်လည်း ရောဂါဖြစ်ပွားနိုင်ပါတယ်။
- နောက်တစ်ချက်ကတော့ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားသော်လည်း အနည်းစုသောလူတွေ မှာ ရောဂါဖြစ်နိုင်ပါတယ်။ ဒါကို “Vaccine breakthrough cases” လို့ခေါ်ပါတယ်။ မည်သည့် ကာကွယ်ဆေးမဆို ရောဂါကို (၁၀၀) ရာခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ဘယ်ကာကွယ်ဆေးမဆို လူရဲ့ အသက်အရွယ်၊ ရောဂါအခံရှိ/မရှိ၊ ကိုယ်ခံအားစနစ် စတာတွေအပေါ်မူတည်ပြီး Breakthrough infection တွေရှိတတ်ပါတယ်။
- လေ့လာတွေ့ရှိချက်များအရ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါတယ်။
Ref:
UK National Health Service – COVID Vaccine
CDC What You Should Know About the Possibility of COVID-19 Illness After Vaccination (Updated June 25, 2021)
- ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) ဟာ ဗိုင်းရပ်စ်ပိုး (Virus) တစ်မျိုးဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေရဲ့ သဘောသဘာဝအရ စဉ်ဆက်မပြတ်ပြောင်းလဲနေတတ်တဲ့သဘော (Mutation) ရှိပြီး မျိုးကွဲ (New variant) တွေဖြစ်လာတတ်ပါတယ်။ အချို့သောမျိုးကွဲတွေဟာ လျင်မြန်စွာ ကူးစက်တတ်ခြင်း (သို့မဟုတ်) ရောဂါပြင်းထန်တတ်ခြင်းတို့ဖြစ်စေနိုင်တဲ့အတွက် သေသေချာချာ လေ့လာစောင့်ကြည့် ဖို့လိုအပ်ပါတယ်။
- ကိုဗစ်-၁၉ ရောဂါပိုး (SARS-CoV-2) မှာ ယခုလက်ရှိအချိန်အထိ မျိုးကွဲ (၄) ခုရှိပါတယ်။
တို့ဖြစ်ပါတယ်။
- လေ့လာတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ကာကွယ်ဆေးအများစုဟာ မျိုးကွဲတော်တော်များများကို ကာကွယ်ပေးနိုင်ပြီး ကိုဗစ်-၁၉ ကြောင့် ရောဂါပြင်းထန်ခြင်း၊ ဆေးရုံတက်ရောက်ကုသရခြင်းနှင့် သေဆုံးခြင်းတို့ကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။
- ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးနောက် ထပ်မံထိုးနှံရန် လို/မလိုနှင့်ပတ်သက်၍ ပညာရှင်များရဲ့လမ်းညွှန်ချက်မရှိသေးပါဘူး။ ထပ်မံထိုးနှံသင့်တယ်ဆိုတဲ့ ညွှန်ကြားချက်တွေ ထပ်ထွက်လာရင် အသိပေးချက်တွေ ထပ်ထုတ်သွားပါမယ်။
- ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးနောက်တွင်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။
- ခရီးသွားရင် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးကြောင်းအထောက်အထားကို ယူဆောင် သွားဖို့ လိုအပ်ပါတယ်။
- ဆေးစစ်ရန်လို/မလို၊ Quarantine ဝင်ရန်လို/မလို စသည့်အချက်များကတော့ မိမိထိုးထားသည့် ကာကွယ်ဆေးအမျိုးအစား၊ မိမိလာသည့်နေရာ၊ မိမိသွားမည့်အရပ်ဒေသ/နိုင်ငံက သတ်မှတ်ထား တဲ့လမ်းညွှန်ချက်များအပေါ်တွင် မူတည်ပါတယ်။
- ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးပါက ရောဂါခုခံကာကွယ်နိုင်စွမ်း (Immunity) အထိုက်အလျောက် ကျန်ရှိသော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာနိုင်ခြင်းကြောင့် ရောဂါ ပြန်လည်ကူးစက်ဖြစ်ပွားနိုင်ပါတယ်။
- သို့သော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာတတ်ခြင်းကြောင့် ရောဂါ ကူးစက်ဖြစ်ပွားပြီးသော်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်းနည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။
0 Comments