ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် Mask ကို စနစ်တကျ တပ်ခြင်း



ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် Mask ကို စနစ်တကျ တပ်ခြင်း
၁။ Mask မတပ်မီ လက်ဆေးပါ။
၂။ အနည်းဆုံး နှစ်လွှာပါသော Mask ကို သုံးပါ။
၃။ နားရွက်ချိတ်ကြိုးကိုသာ ကိုင်၍ တပ်ပါ။
၄။ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် တပ်ပါ။
၅။ Mask အပေါ်ပိုင်းရှိ သတ္တုချောင်း (သို့မဟုတ်) ပလပ်စတစ်ချောင်းကို နှာခေါင်းရိုးနှင့် အံကျအောင် ဖိပါ။
၆။ မျက်နှာနှင့် Mask အကြား လစ်ဟာမှု မရှိစေရ။
၇။ Mask ချွတ်လျှင် နားရွက်ချိတ်ကြိုးကို ကိုင်၍ ချွတ်ပါ။
၈။ အဖုံးပါသော အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။
၉။ ပြီးလျှင် လက်ကို သေချာစွာ ပြန်လည် ဆေးကြောပါ။
၁၀။ Mask စိုစွတ်နေလျှင် အသစ်တစ်ခုနှင့် လဲလှယ်ပါ။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

0 Comments