=================================
-
ရေနှင့်ဆပ်ပြာသုံးပြီး လက်ကို စနစ်တကျ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် မကြာခဏ ဆေးပါ။
-
လက်သန့်ဆေးရည်သုံးပါက အနည်းဆုံး Alcohol (60%) ပါသည်ကို အသုံးပြုပါ။
-
မိမိမျက်လုံး၊ နှာခေါင်း နှင့် ပါးစပ်တို့ကို လက်မဆေးဘဲနှင့် မကိုင်ပါနှင့်။
-
ကျန်းမာရေးဝန်ထမ်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း (surgical mask) (သို့မဟုတ်) အဝတ်ဖြင့် ချုပ်ထားသော ပါးစပ်နှင့်နှာခေါင်းစည်း (fabric mask) ကို အသုံးပြုပါ။
-
mask တပ်ရာတွင် မတပ်ခင် လက်ဆေးပြီး mask ကို ကြိုးက ကိုင်၍ ပါးစပ်နှင့် နှာခေါင်း လုံအောင် အုပ်မိပြီး မေးစေ့အောက်ထိ ဆွဲချကာ မိမိမျက်နှာနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖိကပ် တပ်ဆင်ရပါမည်။
-
mask မပါဘဲ face shield တစ်မျိုးတည်း တပ်ဆင်ခြင်း၊ mask ဝတ်ဆင်ထားသော်လည်း မေးချိတ်ခြင်း၊ နှာခေါင်းဖော်ထားခြင်း၊ နားရွက်တစ်ဖက်ချိတ် တန်းလန်းချထားခြင်းများ ပြုပါက ရောဂါကာကွယ်မှုမထိရောက်ပါ။
-
လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ။ လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နှုတ်ဆက်ခြင်း ရှောင်ကြဥ်ပါ။
-
လူထူထပ်သောနေရာများ (ဥပမာ- ပွဲလမ်း သဘင်၊ စျေးဝယ်စင်တာ) ကို တတ်နိုင်သမျှ မသွားရန်နှင့် မလိုအပ်ပါက အပြင်မထွက်ဘဲ မိမိတို့၏ နေအိမ်များ၌သာ နေထိုင်ကြပါ။
-
အပြင်မှ ပြန်လာပြီးသည့်အခါတိုင်း ဦးစွာ လက်ကိုစနစ်တကျဆေးပြီး အဝတ်လဲကာ ထိုအပြင်ဝတ်အင်္ကျီကို အိတ်/ပုံး/ခြင်း တစ်ခုထဲ သပ်သပ်ထည့်ပါ။ ပြီးလျှင် နောက်တစ်ကြိမ် လက်ပြန်ဆေးပါ။
-
ထိုကဲ့သို့ နှာခေါင်းနှင့်ပါးစပ်ကို လုံအောင်ဖုံးခြင်းဖြင့် နှာချေ၊ ချောင်းဆိုးသည့်အခါ ထွက်လာသည့် အမှုန်အမွှားများ မိမိပတ်ဝန်းကျင်တွင် မပျံ့နှံ့အောင် ကာကွယ်ရာ ရောက်ပါသည်။
-
အသုံးပြုပြီးသား တစ်သျှူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့ ချက်ချင်းစွန့်ပစ်ပါ။
-
ပြီးလျှင် လက်ဆေးရန် မမေ့ပါနှင့်။
-
တစ်ဦးနှင့်တစ်ဦး မဖြစ်မနေတွေ့ဆုံရန်ရှိပါက အလုံပိတ်အခန်းများထက် အဆောက်အဦအပြင်ဘက် လေအဝင်အထွက်ရှိသည့် နေရာကိုသာ ရွေးချယ်ပါ။ (၆ ပေအကွာ ခပ်ခွာခွာ တွေ့ဆုံရန်နှင့် mask တပ်ရန် မမေ့ပါနှင့်)
-
မိမိနေအိမ်ရှိ ပြတင်းတံခါးများ နေ့ဘက်ခါဖွင့်ထားပေးခြင်းဖြင့် လေဝင်လေထွက်ကောင်းအောင် စီမံပါ။
-
မိမိနေအိမ်သို့ ဧည့်သည်လာရောက်ခြင်းများအား ကန့်သတ်ပါ။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
ဘာသာစကား (၁၀) မျိုးဖြင့်ဖော်ပြထားပါသည်။
"ပြည်သူအများ ပိုမိုသိရှိလိုက်နာနိုင်ရန် ဤသတင်းစကားကို အချင်းချင်း လက်ဆင့်ကမ်းဖြန့်ဝေပေးကြပါ။"
Poster download လုပ်ရန် link











0 Comments