ကိုဗစ် ၁၉ ရောဂါပိုး အမျိုးအစားအသစ်တွေ ဘယ်လောက်ပဲပြောင်းလဲပေါ်ပေါက်လာပါစေ၊ မပြောင်းလဲတာကတော့ ကာကွယ်ပုံနည်းလမ်းတွေပါပဲ
(၁) Mask တပ်ပါ 
(၂) လက်ဆေးပါ 
(၃) လူစုလူဝေးရှောင်ပါ 
ထပ်တလဲလဲဒါတွေပဲပြောနေပေမယ့်လို့ မလိုက်နာကြတဲ့သူတွေ ဒုနဲ့ဒေး ရှိနေပါသေးတယ်
ဒါဟာ ကိုဗစ်ရောဂါတိုးပွားလာရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။
နောက်ထပ်အကြောင်းရင်း တစ်ခုက ကိုဗစ် ၁၉ ရဲ့ လက္ခဏာတွေမိမိမှာတွေ့နေရပြီဆိုရင် ကြိတ်မကုပါနဲ့။ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ဆေးခန်းတော့လာပြပါရဲ့။
ကိုဗစ်-၁၉ ရဲ့ လက္ခဏာတွေရှိနေရဲ့နဲ့ မရှိဘူးဆိုပြီး လိမ်မပြောပါနဲ့။
ဒီလိုလိမ်ပြောတာဟာ မိမိရောဂါလည်းမပျောက်နိုင်တဲ့အပြင် အရမ်း(အရမ်း) ကိုအန္တရာယ်များတဲ့လုပ်ရပ်ပါ။
ဆရာဝန်တွေဟာ လူကိုကြည့်ရုံနဲ့ ကိုဗစ်ရှိမှန်းသိနိုင်တဲ့ နတ်မျက်စိပိုင်ရှင်တွေ မဟုတ်ပါဘူး 
အကယ်၍လိမ်ပြောသူဟာ ကိုဗစ် ၁၉ သာ ဖြစ်နေခဲ့မယ်ဆိုရင် ဆရာဝန်အပါအဝင် နောက်ထပ်ဆေးခန်းကိုလာပြတဲ့ လူနာတွေအကုန်လုံး တစ်သီတစ်တန်းကြီး ကူးစက်နိုင်ပါတယ်
လူနာတွေအထဲမှာ ကိုယ်ခံအားနည်းနေသူတွေရှိနိုင်တဲ့အတွက် သူတို့တွေသာ ကူးစက်သွားမယ်ဆိုရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်
အခုဖြစ်နေတဲ့ ကိုဗစ် ၁၉ ရဲ့ အဖြစ်များတဲ့လက္ခဏာတွေကတော့ အရင်သိပြီးသားဖြစ်တဲ့ ဖျား၊ ချောင်းခြောက်ဆိုး၊ အနံ့ပျောက်တာတွေအပြင်
- အစားအသောက်ပျက်/ အရသာမရ
- ဘာမှမလုပ်နိုင်ပဲ ပင်ပန်း နုံးချိ
- လည်ချောင်းနာ
- ခြေတွေ လက်တွေနာ အစရှိတာတွေလည်းအများစုမှာတွေ့နေရပါတယ်။
စာအရှည်ကြီးရေးရင် မဖတ်ချင်ကြဘူးဆိုလို့ ကိုဗစ် ၁၉ ပြန့်ပွားရေးကို ထိန်းချုပ်ဖို့ အဓိက (၂) ချက်ကိုပဲ ရေးလိုက်တာပါ
(၁) Mask တပ်၊ လက်ဆေး၊ လူစုလူဝေးရှောင်
(၂) မိမိကိုယ်ကိုသံသယရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး ကုသမှုခံယူ
ဒီ ၂ ချက်ကိုသာ သေချာလိုက်နာမယ်ဆိုရင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်းလျော့နည်းသွားမှာ အသေအချာပါ
Dr. စိုပြေ (ဆေး ၂) 






0 Comments