#ကိုဗစ်ကုသခြင်းဆိုင်ရာမေးခွန်းများ (13.7.21)
=================================
ဖြေ - အိမ်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် လူနာများ၏ အောက်စီဂျင် ပမာဏ ကို အကြမ်းဖျင်း တိုင်းတာရန်အတွက် အောက်စီဂျင် တိုင်းတာသည့်စက် (pulse oximeter) ကို ဆောင်ထားပါက မမှားပါ။
- ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေး (vaccine) ရှိနေပြီဖြစ်သော်လည်း ကုသရန် တိကျသော ဆေးဝါး မရှိသေးပါ။ ကိုဗစ်ရောဂါကို ကုသနိုင်သည်ဟုဆိုကာ အနောက်တိုင်းဆေးပညာ၊ တိုင်းရင်းဆေး၊ အိမ်တွင်းဆေး အမျိုးမျိုး ပေါ်ထွက်နေသော်လည်း လက်ရှိအခြေအနေတွင် ခိုင်မာသော သက်သေ အထောက်အထားများ မရှိသေးပါ။
- သို့ရာတွင် သက်ဆိုင်ရာ ကုသရေးစင်တာများတွင် သေချာစွာ ကုသမှု ခံယူပါက လူနာများ အသေအပျောက်နည်း၍ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာမည်ဖြစ်သည်။
- ကိုဗစ်အတွက် အားဆေးများ သောက်ကြသည့် အယူအဆနှင့် ပတ်သက်၍ https://www.facebook.com/ckcmohnugmm/posts/106817161670539 တွင် အသေးစိတ်ဖတ်ရှုပေးပါ။
- ကိုဗစ်ရောဂါကူးစက်ခံရသည့်တိုင် ကိုယ်ခံအားကောင်းမွန်သူသည် ရောဂါလက္ခဏာများ ပြင်းထန်စွာ ခံစားရသည့်အဆင့်သို့ ရောက်နိုင်ခြေနည်းပါးပြီး ပြန်လည်ကောင်းမွန်ရန် အခွင့်အရေးများပါသည်။
- ကိုယ်ခံအားကောင်းစေရန် အိပ်ရေးဝဝအိပ်ပါ၊ သားငါးသီးရွက်တို့ကို အာဟာရဓာတ် စုံလင်မျှတအောင် စားပါ၊ ရေများများသောက်ပါ၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ၊ စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။
ဖြေ- အခုသုံးနေတဲ့ အောက်စီဂျင်အိုး (oxygen cylinder) နဲ့ အောက်စီဂျင်စက် (oxygen concentrator) အကြောင်း အနည်းငယ် ရှင်းပြပါမယ်။
- အောက်စီဂျင်အိုးတွေမှာ သန့်စင်သော အောက်စီဂျင် ၁၀၀ ရာခိုင်နှုန်း ပါဝင်သည်။
- အောက်စီဂျင်အိုးတွေမှ အောက်စီဂျင်ကို အသက်ရှူပိုက်များဖြစ်သည့် nasal prongs, simple facemask, facemask with reservoir, venturi mask တို့နှင့် တွဲဆက်ပြီးပေးလို့ရပါသည်။
- အောက်စီဂျင်အိုးနှင့် တွဲဆက်ထားသော flow meter မှတစ်ဆင့် ပေးရမည့် နှုန်းကို ထိန်းညှိလို့ရပါသည်။
- အသက်ရှူပိုက်အမျိုးအစားပေါ်မူတည်၍ ပေးနိုင်သော flow rate မတူညီပါ၊
Nasal prongs နှင့်ဆိုပါက 1-6 L/min
Simple facemask နှင့်ဆိုပါက 5-8 L/min
Facemask with reservoir နှင့်ဆိုပါက >10 L/min ပေးနိုင်သည်။ (facemask with reservoir ကို အောက်စီဂျင်ပမာဏများများ လိုသော အခြေအနေမှသာ သုံးရပါမည်။)
- oxygen concentrator များမှာ အိမ်တွင်းသုံး Home oxygen concentrator နှင့် သယ်ဆောင်နိုင်သော portable oxygen concentrator ဟူ၍ နှစ်မျိုးရှိသည့် အနက် ကိုဗစ်လူနာများအတွက် ဘက်ထရီနှင့် သုံးသော portable oxygen concentrator တွေသည် လုံလောက်သော pressure ကိုပေးနိုင်မည် မဟုတ်ပါ။
- ပစ္စည်းအမျိုးအစားပေါ် မူတည်၍ capacity 5 L မှ 10 L ထိအမျိုးမျိုးရှိပါသည်။
- အရေးကြီးသည်မှာ စက်၏ ပေးနိုင်သော အောက်စီဂျင်ပမာဏ level ပေါ် မူတည်ပါသည်။ ကိုဗစ်လူနာတွင် အောက်စီဂျင်ပမာဏများများပေးနိုင်မှသာ အဆင်ပြေပါမည်။
- အချို့စက်များသည် flow rate ပေါ်မူတည်ပြီး အောက်စီဂျင်ပမာဏပြောင်းလဲသွားတတ်သည်။
ဖြေ- အောက်စီဂျင် အိုးအကြီးကနေ အသေးကို ကြားဆက်ပိုက်နဲ့ လဲလှယ်လို့ ရတယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ နီးစပ်ရာ အောက်စီဂျင်အိုး လဲလှယ်တပ်ဆင်နိုင်သည့် နေရာများတွင် အကူအညီ တောင်းခံနိုင်ပါသည်။
ဖြေ - မဟုတ်ပါ။ အောက်စီဂျင်ကို ထိုကဲ့သို့ ပေးရမည်ဟူ၍ မရှိပါ။ လွဲမှားသော အချက်အလက်သာ ဖြစ်ပါသည်။
- အောက်စီဂျင်ပေးရသည့် ရည်ရွယ်ချက်မှာ သွေးတွင်းအောက်စီဂျင်ဓာတ် (SpO2) ကျသည့်အတွက် ပုံမှန် သွေးတွင်းအောက်စီဂျင်ပမာဏ ပြန်ရောက်အောင် ချိန်ညှိပေးရခြင်းသာ ဖြစ်ပါသည်။
- ပုံမှန်လူကောင်းတယောက်မှာ ၉၅% နဲ့အထက် ရှိပါတယ်။ ဒီလိုလူတွေ ကိုဗစ်နဲ့ အဆုတ်ရောင်ရင် မိမိမှာရှိတဲ့အောက်ဆီဂျင်ပေါ် မူတည်ပြီး ၉၂% မှ ၉၅% လောက်ထိ ရအောင်ရည်မှန်းပြီး အောက်ဆီဂျင်ပေးသင့်ပါတယ်။
- နာတာရှည်အဆုတ်ရောဂါအခံရှိသူတွေကိုတော့ ၈၈%-၉၂% ထိသာ ရည်မှန်းပြီးအောက်ဆီဂျင်ပေးပါ။
- အောက်စီဂျင်ပေးနည်းကို ဤတွင် အသေးစိတ် ဖတ်ရှုပေးပါ။
(Edited - အောက်စီဂျင်ပေးနည်း link အသစ်ကို ပြန်လည် ညွှန်းဆိုပေးပါမည်)
ဖြေ - လူနာမှာ အောက်စီဂျင် ကျနေသည့်အတွက် အောက်စီဂျင်ပေးရန် လိုအပ်ပါသည်။
- ဆီးချိုရောဂါသည်အတွက် အာဟာရဆရာဝန် Dr. Nutrition မှ အကြံပြုထားသည်ကို ဤတွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။
ဖြေ - Covid19 ဖြစ်ပြီး အသက်ရှူရခက်သူများ/ အောက်စီဂျင်ကျနေသောသူများ (SpO2 94အောက်) သည် ပုံမှန် ပက်လက်အိပ်သည့် အနေအထားမျိုး မဟုတ်ဘဲ အောက်ဖော်ပြပါ အနေအထား (4) မျိုးကို တစ်ခုချင်းစီ အနည်းဆုံး မိနစ် (30) ကြာ တစ်လှည့်စီ လုပ်ဆောင်သင့်သည်။ လူနာ နိုးကြားနေသည့်အခါတွင် ၎င်းကိုယ်တိုင် ပူးပေါင်းလုပ်ဆောင်ရမည် ဖြစ်သည်။
- ခေါင်းအောက်တွင် ခေါင်းအုံးပျော့ တစ်လုံး
ရင်ဘတ်အောက်တွင် ခေါင်းအုံး၂ လုံး
တင်ပါးရိုးခွက်အောက်တွင် ၂ လုံး
ညှို့သကျည်း အောက်တွင် ၁ လုံး ထားပါ။
(မှတ်ချက်။ ။ဝမ်းဗိုက်ကို ခေါင်းအုံးများနှင့် လွတ်အောင်ထားပြီး ဖိ မနေစေရ။ အဝလွန်သောသူများတွင် ပို၍သတိထားပါ)
- အိပ်ရာကို ခေါင်းဘက်မှ ၃၀ ဒီဂရီ မြင့်၍ စောင်းထားပါ
- ခေါင်းကို ဘယ်ညာ သင့်တော်သလို လှည့်ထားပါ။ (အောက်စီဂျင်ရှိနေသေးရင် ဆက်ရှူပါ။ မှောက်လျက် အနေအထားက အောက်စီဂျင်တက်လာဖို့ အချိန်တစ်ခု လိုပါတယ်)
- အနေအထား ၄ခုဖြင့် လုပ်ဆောင်ပေးပါ
- အနေအထား တစ်ခုကို အနည်းဆုံး နာရီဝက်ခန့် (အနေအထား ၄ ခု အတွက် စုစုပေါင်း ၄ နာရီ) ပြုလုပ်ရမည်။
- အစာစားခြင်း၊ ရေသောက်ခြင်း၊ အပေါ့ အလေး သွားခြင်းကို နားချိန် တစ်နာရီ အတွင်း ပြုလုပ်နိုင်သည်။
အောက်ပါ လင့်ခ်တွင် ပုံနှင့်တကွ ကြည့်ရှုပေးပါ။
0 Comments