စနစ်တကျလက်ဆေးနည်း


• လက်ကို ရေဆွတ်ပြီး ဆပ်ပြာများများဖြင့် ပွတ်တိုက်ပါ။
• လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပါ။
• လက်ချောင်းများကြားနှင့် လက်ဖမိုးနှစ်ဖက်ကို ပွတ်တိုက်ပါ။
• လက်ချောင်းများကြားနှင့် လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပါ။
• လက်ခေါက်ချိုး၍ လက်ချောင်းများကို ချိတ်ဆက် ပွတ်တိုက်ပါ။
• လက်မကို ကျန်လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ပွတ်တိုက်ပါ။
• လက်တစ်ဖက်၏ လက်ချောင်းထိပ်ဖျားများစု၍ ကျန်လက်ဖဝါးကို ပွတ်တိုက်ပါ။
• ဆပ်ပြာများ ပြောင်အောင် ရေဖြင့် ဆေးကြောပါ။
• လက်ကို ရေစင်အောင် လက်သုတ်ပဝါ (သို့မဟုတ်) တစ်သျှူးစက္ကူဖြင့် သုတ်ပါ။
• အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ပွတ်တိုက်ဆေးကြောပါ။
• လက်ကို မကြာခဏ ဆေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် အခြားကူးစက်ရောဂါများကိုလည်း ကာကွယ်နိုင်ပါသည်။
• ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ ဝတ်ဆင်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ ၆ ပေခြား နေခြင်း၊ လူစုလူဝေးရှောင်ခြင်းတို့ကိုလည်း မဖြစ်မနေ လိုက်နာကျင့်သုံးကြရမည် ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ
(စေတနာဖြင့် ကိုဗစ်-၁၉ ဗဟုသုတစင်တာမှ ပြန်လည်ကူးယူဖော်ပြပါသည်။)

0 Comments