ကိုဗစ်-၁၉ ရောဂါလက္ခဏာများ
အဖြစ်များသောရောဂါလက္ခဏာများ
• အဖျားကြီးခြင်း (≥100 F)
• ချောင်းခြောက်ဆိုးခြင်း
• အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း
• အသက်ရှုကြပ်ခြင်း
• ဝမ်းပျက်ဝမ်းလျှောခြင်း
• အနံ့မရခြင်း၊ အရသာ မရခြင်း
အချို့လူနာများတွင်
• သလိပ်ထွက်ခြင်း
• မောခြင်း
• လည်ချောင်းနာခြင်း
• ခေါင်းကိုက်ခြင်း
• အန်ခြင်း
• မျက်လုံးနီရဲခြင်း
• ကြွက်သားနှင့် အဆစ်အမြစ်များ နာကျင်ခြင်း
• အရေပြားတွင် အနီကွက်များထွက်ခြင်း
(ရောဂါလက္ခဏာမပြသည့် COVID-19 ရောဂါပိုးရှိသောလူနာများလည်း ရှိနိုင်ပါသည်။)
• ရောဂါပိုး ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြသော အချိန်အထိ (၁)ရက်မှ (၁၄)ရက်အထိ ကြာတတ်ပြီး အများစုမှာ (၄-၅) ရက်အတွင်း လက္ခဏာ ပြတတ်ပါသည်။
• အအေးမိ တုပ်ကွေးရောဂါနှင့် COVID-19 ရောဂါ လက္ခဏာ များမှာ အများစု တူညီပါသည်။ ခွဲခြားရန် အလွန်ခက်ပါသည်။ ဖြစ်ကာစတွင် ဖျားခြင်း၊ နှာစေး ချောင်းဆိုးခြင်းများ ရှိနိုင် သော်လည်း COVID-19 ရောဂါတွင် အဖျားကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း နှင့် အသက်ရှုကြပ်ခြင်း လက္ခဏာများမှာ ပိုမိုတွေ့ရှိ ရတတ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

0 Comments