အားလုံးသိထားရမယ့် #လူနာအဆုတ်ထဲအောက်ဆီဂျင်ပိုမိုရရှိအောင်လုပ်နည်း
----------------------------------
(Improve Lung Oxygenation by lying in Prone position)
လူနာအသက်ရှုရပိုမိုလွယ်ကူစေမယ့်နည်းပါ။ #လူများများသိအောင်မျှဝေပေးပါ။
Covid လူနာတွေအတွက်အောက်ဆီဂျင်ပိုမိုရရှိဖို့အလွန်အရေးကြီးပါတယ်။ Covid လူနာကိုကြည့်ရတာ လူကောင်းအတိုင်းထင်နေရပေမယ့် သွေးထဲမှာအောက်ဆီဂျင်ပမာဏလျော့နည်းနေတာကို မသိလိုက်ပဲဖြစ်တတ်ပါတယ်။
သွေးထဲမှာ #အောက်ဆီဂျင်ပါဝင်မှုပမာဏဘယ်လောက်ရှိသလဲသိရအောင် SpO2 မီတာလေးတွေနဲ့ အိမ်မှာအလွယ်တိုင်းကြပါတယ်။
SpO2 level လျော့ကျနေတာကိုတွေ့ရပေမယ့် ရုတ်တရက်ဘာလုပ်ရမလဲခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်သလို အောက်ဆီဂျင်ဘူးအချိန်မီမရတဲ့အခါ အဖိုးတန်အချိန်တွေဆုံးရှုံးရတတ်ပါတယ်။
SpO2 ပမာဏကျတာနဲ့ လူနာရဲ့အဆုတ်ထဲကို အောက်ဆီဂျင်ပမာဏပိုမိုရောက်ရှိအောင် #အိမ်မှာအလွယ်လုပ်တဲ့နည်းကို ရှင်းပြပါမယ်။
မနှစ်က စင်ကာပူမှဆရာဝန်များ၏ Covid လူနာကုသခြင်းအတွေ့အကြုံများဆိုပြီး CNA အင်တာဗျူးတွေကိုအခြေခံပြီးရေးသားခဲ့ဖူးပါတယ်။
ယခုမြန်မာပြည်မှာ Covid လှိုင်းပြန်ဝင်လာတဲ့အတွက် ညီလေး Kenneth ကိုမေးပြီး ပြန်ရေးပေးလိုက်ပါတယ်။
အိမ်တိုင်းအိမ်တိုင်း အရေးပေါ်သုံးနိုင်အောင် #လူတိုင်းနားလည်မယ့်စကားနဲ့ပဲ ရှင်းပြပေးပါမယ်။
အခုနည်းကိုသုံးမယ့်လူနာဟာ နှလုံးရောဂါလို၊ ကြောရိုးဆစ်ရောဂါလို ပြဿနာမျိုး #မရှိသူ၊ ကိုယ်ဝန်မရှိသူ သာမန်လူကောင်းအောက်ဆီဂျင်ပမာဏပိုမိုလိုအပ်နေသူအတွက် ရည်ရွယ်ပါတယ်။
အကြောင်းတစ်ခုခုကြောင့် လူကောင်းကနေ Covid ရှိနေတယ်လို့သံသယရှိရင် အဆုတ်ကအောက်ဆီဂျင်ပိုမိုရရှိအောင်သုံးနိုင်ပါတယ်။
အပေါ်က SpO2 94% ဆိုတဲ့စာကိုသေချာပြန်ဖတ်ပါ။
ပုံထဲကပါအတိုင်း အဆင့် (၆) ဆင့်ကိုလုပ်ဆောင်ပါ။ ဘာကိရိယာမှမလိုပါ။ ခေါင်းအုံးရှိရင်ကိုရပါပြီ။
ဒီနေရာမှာ သတိရှိတဲ့ conscious လူနာဖြစ်ဖို့လိုပါတယ်။ လုံးဝသတိမေ့နေမှတော့ ဆေးရုံကိုသာပို့ပါတော့။
အနေအထား (၁) - လူနာကိုမှောက်လျှက်အနေအထားအတိုင်း ပြင်ညီအိပ်ရာပေါ်မှာ မိနစ် (၃၀) ကနေ ၂ နာရီအထိ လူနာနေနိုင်သလောက်နေခိုင်းပါ။
(မွေ့ရာပါလည်းရပါတယ်။ ပုံထဲကအတိုင်းကြည့်လုပ်ပါ)
အနေအထား (၂) - ညာဘက်ကိုစောင်းပြီး မိနစ် (၃၀) ကနေ ၂ နာရီအထိနေခိုင်းပါ။
အနေအထား (၃) - လူနာကို ကျောစောင်းစောင်းလေးအနေအထားနဲ့ ထိုင်ခိုင်းပြီး မိနစ် (၃၀) ကနေ ၂ နာရီအထိနေခိုင်းပါ။
(၃၀ ကနေ ၆၀ ဒီဂရီလောက်ခပ်စောင်းစောင်းလေး လှဲထိုင်နိုင်အောင် လုပ်ပေးပါ)
အနေအထား (၄) - ဗယ်ညာဘက်ကိုစောင်းပြီး မိနစ် (၃၀) ကနေ ၂ နာရီအထိနေခိုင်းပါ။
အနေအထား (၅) - ပုံထဲကလို တဝက်တပျက်မှောက်တဲ့အနေအထားအတိုင်း မိနစ် (၃၀) ကနေ ၂ နာရီအထိနေခိုင်းပါ။
အနေအထား (၆) - ပထမဆုံးအနေအထားအတိုင်း လူနာကိုမှောက်လျှက် ပြင်ညီအိပ်ရာပေါ်မှာ မိနစ် (၃၀) ကနေ ၂ နာရီအထိ လူနာနေနိုင်သလောက်နေခိုင်းပါ။
အဲ့ဒီအတိုင်း (၁) ကနေ (၆) အထိလှည့်ပြီးနေသွားခိုင်းပါ။
လူနာကပက်လက်နေချိန်မှာ လူနာရဲ့နှလုံးစတဲ့ကိုယ်တွင်းကလီစာတွေက လူနာရဲ့အဆုတ်ကိုဖိထားပါတယ်။
လူနာကမှောက်လိုက်တဲ့အခါမှာ အဆုတ်ပေါ်မှာ gravitational pressure လျော့နည်းသွားတဲ့အတွက် လူနာကအောက်ဆီဂျင်ရအောင် အသက်ရှုရတာပိုမိုလွယ်ကူသွားပါတယ်။
လူနာပက်လက်နေတာကြာလာရင် လူရဲ့ #အဆုတ်ထဲမှာအရည်တွေစုလာတတ်ပါတယ်။ ဒါ့ကြောင့်ပက်လက်အိပ်တာအရမ်းကြာတဲ့လူနာတွေမှာ အဆုတ်ထဲရေဝင်တဲ့ပြဿနာတက်တာပါ။
အဲ့လိုအဆုတ်ထဲအရည်တွေစုလာရင် လူရဲ့သွေးထဲကို အောက်ဆီဂျင်ရရှိစေမှုလျော့နည်းသွားစေပါတယ်။
ARDS လို့ခေါ်တဲ့ alveoli လူရဲ့အဆုတ်ထဲက လေအိတ်သေးသေးလေးတွေထဲ အရည်တွေစုလာတဲ့ပြဿနာမျိုးကို အဲ့ဒီလူနာကိုမှောက်လျှက်နေစေတဲ့နည်းနဲ့ သက်သာစေခဲ့တာ ဆယ်စုနှစ်နဲ့ချီကြာပြီဖြစ်ပါတယ်။
အခုလိုမှောက်လျှက်နေစေတဲ့နည်းကို #အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့လူနာမှာ သုံးလို့ရပါသလား
သုံးလို့ရပါတယ်။ #ကျွမ်းကျင်သူရှိတဲ့ဆေးရုံမှာသုံးဖို့သင့်လျှော်ပါတယ်။
Ventilator အသက်ကူရှုစက်တပ်ထားရတဲ့လူနာတွေကို အဲ့ဒီလိုမှောက်လျှက်အနေအထားနဲ့နေစေတဲ့အခါမှာ ventilator -induced lung injury risk လျော့ကျသွားပါတယ်။
အဆုတ်ကိုဖိအားသက်သာသွားတဲ့အတွက် အဆုတ်ထဲမှာ gas exchange ပိုကောင်းသွားပါတယ်။
နှလုံးရဲ့လုပ်ဆောင်ချက်ပိုကောင်းစေပြီး ကိုယ်ခန္ဓာအနှံ့အောက်ဆီဂျင်ပိုမိုရောက်ရှိစေပါတယ်။
အဆုတ်ထိခိုက်ထားတဲ့နေရာက အရည်တွေစီးထွက်သွားစေမှုပိုကောင်းစေပါတယ်။
အဝလွန်လွန်းတဲ့လူနာတွေ ကြွက်သားသွေးပြန်ကြောသွေးခဲတဲ့ရောဂါရှိသူတွေမှာ ကျွမ်းကျင်သူအကြံဉာဏ်မပါပဲ မသုံးသင့်ပါ။
လူနာကိုအချိန်မှန်မှန် အနေအထားပြောင်းလဲပေးနိုင်ရန် ဘေးကတစ်ယောက်ကသတိပေးပါ။
မှတ်ရလွယ်ကူရန် မှောက်လျှက်အနေအထားလို့ပြောပေမယ့် အမြဲမှောက်လျှက်နေခိုင်းတာမဟုတ်ကြောင်း သတိပြုပါ။
အခုလိုရေးသားပေးတာဟာ လူနာအောက်ဆီဂျင်ပိုမိုရရှိပြီး #အသက်ရှင်ဖို့အခွင့်အလမ်းပိုမိုစေရန်ရေးသားပေးတာသာဖြစ်ပြီး Covid #ကုသနည်းလုံးဝမဟုတ်ပါ။
ပိုမိုသိနားလည်လိုသူ #ပညာရှင်များအနေနဲ့ အောက်ပါ သုသေသနဂျာနယ်လင့်များကိုဖတ်ပေးပါ။
သွေးထဲကအောက်ဆီဂျင်ပမာဏ ရာနှုန်းတိုင်းတဲ့ SpO2 တိုင်းစက်အတတ်နိုင်ဆုံးမှန်ကန်တိကျဖို့လိုအပ်ပါတယ်။ အဲ့ဒီအကြောင်းကို post သပ်သပ်ရေးပါမယ်။

0 Comments