
#ကိုဗစ်ကူးစက်ခြင်းဆိုင်ရာမေးခွန်းများ (13.7.21)
=================================
ဖြေ - နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ ကိုဗစ်ဖြစ်စေသော ဗိုင်းရပ်စ်ပိုးသည် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းမှတစ်ဆင့် မိခင်မှကလေးသို့ ကူးစက်နိုင်ခြေ အလွန်နည်းပါးကြောင်း တွေ့ရှိရပါသည်။
- ကလေး၏ ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်မှု မရှိနိုင်ပါ။ သို့သော် ရောဂါပြင်းထန်သော ကိုယ်ဝန်ဆောင်မိခင်များတွင် လမစေ့ဘဲ ကလေးမွေးဖွားနိုင်ခြေရှိကြောင်း လေ့လာတွေ့ရှိရသည်။
- ကလေးမွေးဖွားပြီးလျှင်လည်း ရောဂါပိုးသည် မိခင်နို့ရည်မှတစ်ဆင့် ကလေးသို့ မကူးစက်နိုင်သောကြောင့် ကလေးအား မိခင်နို့တိုက်ကျွေးခြင်း ဆက်လက်လုပ်ဆောင်ရန် WHO မှ အကြုံပြုထားသည်။
- သို့သော်
- မိခင်တွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ လက်ဆေးခြင်း၊ သန့်ရှင်းရေးဂရုစိုက်ခြင်းမှအပ ကျန်သည့် အချက်များကို လုပ်ဆောင်စရာ မလိုတော့ဘဲ ပုံမှန်အတိုင်း ကလေးကို ထိတွေ့နိုင်ပါသည်။
ဖြေ - ကူးစက်နိုင်ပါသည်။ ကလေးများသည်လည်း silent carrier ဖြစ်နိုင်ပါသည်။
ဖြေ - ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးပါက ရောဂါခုခံကာကွယ်နိုင်စွမ်း (Immunity) အထိုက်အလျောက် ကျန်ရှိသော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်းကျဆင်းလာနိုင်ခြင်းကြောင့် ရောဂါ ပြန်လည်ကူးစက်ဖြစ်ပွားနိုင်ပါတယ်။
- သို့သော်လည်း အချိန်နှင့်အမျှ ရောဂါခုခံကာကွယ်နိုင်စွမ်း ကျဆင်းလာတတ်ခြင်းကြောင့် ရောဂါ ကူးစက် ဖြစ်ပွားပြီးသော်လည်း တစ်ကိုယ်ရည်ကာကွယ်ခြင်း နည်းလမ်းများ ဖြစ်သည့် လက်ဆေးခြင်း၊ Mask ကို စနစ်တကျတပ်ခြင်း၊ Social distancing နည်းလမ်းများ လိုက်နာခြင်းတို့ကို ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါတယ်။
ဖြေ - ရောဂါလက္ခဏာပြသူတွင် အနည်းဆုံး ၁၀ ရက်အပြင် ရောဂါလက္ခဏာများ သက်သာခြင်း၊ အဖျားမရှိတာ (ဆေးသောက်၍ အဖျားကျတာ မဖြစ်ရပါ) အနည်းဆုံး ၂၄ နာရီအကြာမှသာ အခြားသူများနှင့် ပုံမှန်အတိုင်း ထိတွေ့နိုင်ပါသည်။
- ပုံမှန်အတိုင်းဟုဆိုရာဝယ် mask တပ်၊ လက်ဆေး၊ ခပ်ခွာခွာနေခြင်းတို့ကို မဖြစ်မနေ လိုက်နာဖို့လိုအပ်ပါသည်။
ဖြေ - ကိုဗစ်ရောဂါပိုးသည် ရောဂါရှိသူ နှာချေ ချောင်းဆိုးရာမှ ထွက်လာသော အမှုန်အမွှားများမှတစ်ဆင့် ကူးစက်နိုင်ပြီး ထိုအမှုန်အမွှားများသည် ရောဂါရှိသူ၏လက်ပေါ်တွင် ရှိနေနိုင်ပါသည်။
- ရောဂါရှိသူနှင့် လက်ဆွဲနှုတ်ဆက်ပါက ရောဂါပိုးသည် လက်ဆွဲနှုတ်ဆက်သူ၏ လက်သို့ ကူးသွားနိုင်ပြီး ထိုရောဂါပိုးရှိနေသော လက်ဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့မိပါက ကိုဗစ်ကူးစက်နိုင်ပါသည်။ - ထို့အပြင် အနီးကပ် လက်ဆွဲနှုတ်ဆက်နေစဥ်အတွင်း နှစ်ဦးလုံး mask မတပ်ထားပါက ရောဂါရှိသူဆီမှ ထွက်လာသော အမှုန်အမွှားများသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ပြီး ရောဂါကူးစက်နိုင်ပါသည်။
- ထို့ကြောင့် တစ်ခုခုနှင့်ထိတွေ့ပြီးတိုင်း လက်ဆေးခြင်း၊ အပြင်သွားတိုင်း mask တပ်ခြင်း၊ ၆ ပေ ခွာနေခြင်းတို့သည် ကိုဗစ်ကာကွယ်ရန်အတွက် အထူးလိုအပ်ပါသည်။
ဖြေ - ရောဂါလက္ခဏာမပြမီ ၁-၂ ရက်မှ စတင်ကူးစက်နိုင်ပါတယ်၊ အနည်းဆုံး တစ်ပတ်မှ အချို့ပြင်းထန်လျှင် ၂ ပတ်ထိ ကူးစက်နိုင်ပါတယ်။
- အနံ့ပျောက်ခြင်းသည်လည်း ကိုဗစ်ရောဂါလက္ခဏာထဲတွင်ပါဝင်ပါသည်။
- ဘယ်နှရက် သီးသန့်ခွဲနေရမလဲဆိုတာနှင့် ပတ်သက်၍ မေးခွန်း ၄ ရှိ အဖြေကို ပြန်ရည်ညွှန်းပါတယ်။
ဖြေ
ဖြေ - ကိုဗစ်သည် လင်းနို့ကဲ့သို့သော တိရစ္ဆာန်မှ စဖြစ်သည် ဖြစ်သော်လည်း လေ့လာတွေ့ရှိချက် အချို့အရ တိရစ္ဆာန်မှ လူသို့ ကူးနိုင်နှုန်းဟာ အလွန်နည်းပြီး တိကျသော သက်သေများ မရှိသေးပါ။
- လူမှတစ်ဆင့်တိရစ္ဆာန်သို့ အချို့အခြေအနေများတွင်ကူးစက်နိုင်ပါသည်။ ဥပမာ - ကိုဗစ်ပိုးရှိသူမှ တိရစ္ဆာန်များနှင့် အနီးကပ် ထိတွေ့သည့်အခါ ကူးစက်နိုင်ပါသည်။
- ထို့ကြောင့် ရောဂါရှိသူများသည် တိရစ္ဆာန်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဥ်ရန် CDC (Center for disease control and prevention) မှ အကြံပြုထားပါသည်။
0 Comments