
#ကိုဗစ်ကာကွယ်ခြင်းဆိုင်ရာမေးခွန်းများ (13.7.21)
=================================
- ကိုဗစ်ရောဂါပိုးသည် ရောဂါပိုးရှိသူမှတစ်ဆင့် နှာချေ၊ ချောင်းဆိုးသည့်အခါ ထွက်လာသော အမှုန်အမွှားများကို ရှူရှိုက်မိခြင်းမှ အဓိကကူးစက်ပါသည်။
- ပိုက်ဆံ၊ သားငါးပစ္စည်းများ၊ ပြင်ပမှ ဝယ်ယူလာသော ပစ္စည်းများတွင် ကိုဗစ်ပိုးအပြင် အခြားသော ရောဂါပိုးများ ကပ်ငြိနေနိုင်သည်မှာ မှန်သော်လည်း လူကို ကူးစက်နိုင်စွမ်း အလွန်နည်းပါသည်။ အကြောင်းမှာ ကိုဗစ်ရောဂါပိုးသည် သက်ရှိသတ္တဝါ (လူ/တိရစ္ဆာန်) ခန္ဓာကိုယ်ထဲတွင်သာ အသက်ရှင်သန် ပွားများနိုင်ပြီး သက်မဲ့အရာဝတ္ထုများတွင် ပွားများဖို့ မဖြစ်နိုင်ပါ။
- ယခုအချိန်အထိ ထိုပစ္စည်းများမှတစ်ဆင့် ကိုဗစ်ရောဂါကူးစက်သည်ဟူသော အထောက်အထား မရှိသေးပါ။
- ထို့ကြောင့် ထိုပစ္စည်းများ (ထုတ်ပိုးထားသည့် ကျွတ်ကျွတ်အိတ်များအပါအဝင်) ကို အရက်ပြန်ဖျန်းခြင်း၊ အခြားပိုးသတ်ဆေးဖျန်းခြင်း၊ နေလှန်းခြင်း သီးခြား ပြုလုပ်ရန် မလိုအပ်ပါ။ သားငါးအပါအဝင် ဟင်းသီးဟင်းရွက်များကိုလည်း ပုံမှန်အတိုင်း ဆေးကြောသန့်စင်နိုင်ပါသည်။
- အချိန်ပြည့် mask တပ်ဖို့တော့ မလိုအပ်ပါ။ (ပိုးရှိလူနာနေသော အခန်းသည် ကျန်အိမ်ခန်းများနှင့် ဆက်စပ်မနေဘဲ တံခါး၊ ပြတင်းပေါက်သီးသန့် ရှိမည်ဟု ယူဆပါသည်)
- mask တပ်ဆင်ရမည့်သူမှာ ပိုးရှိလူနာကို အနီးကပ်ပြုစုပေးရသူနှင့် ပိုးရှိလူနာကိုယ်တိုင် အခန်းထဲမှ အပြင်သို့ ထွက်တိုင်း (ဥပမာ - ရေအိမ်အသုံးပြုဖို့ ခေတ္တထွက်ခြင်း) mask တပ်ဆင်ရပါမည်။ (အသုံးပြုရမည့် mask အမျိုးအစားကို ဤတွင် ဖတ်ပါ https://www.facebook.com/ckcmohnugmm/posts/106810351671220 )
- နေအိမ်၌ ကိုဗစ်သံသယလူနာရှိခြင်းအတွက် ဆောင်ရန်/ ရှောင်ရန်ကို ဤပိုစ့်များတွင် ဖတ်ပါ
- ပိုးရှိလူနာကို အနီးကပ်ပြုစုပေးသူ သတ်သတ်မှတ်မှတ် တစ်ဦးသာ ထားရှိပါ။ (ငယ်ရွယ်ပြီး ကျန်းမာရေးကောင်းသူ ဖြစ်ရပါမည်။)
- သီးသန့်နေစဥ် ကာလအတွင်း အသက်အရွယ်ကြီးသူနှင့် ကလေးငယ်များကို ပိုးရှိလူနာနှင့် ထိတွေ့ခြင်းမှ အတတ်နိုင်ဆုံး ခေတ္တရှောင်ရန် လိုအပ်ကြောင်း ပြောပြ၊ ရှင်းပြထားပါ။
- အိမ်တွင် တစ်ဦးတစ်ယောက် ကိုဗစ်ရောဂါဖြစ်ပါက ကျန်အိမ်သူအိမ်သားများအားလုံး ရောဂါကူးစက်နိုင်သောကြောင့် အချိန်နှင့်အမျှ သတိရှိပါလေ။
- အဝတ် mask များသည် ချုပ်လုပ်သော ပိတ်သား၊ ပါဝင်သော အလွှာအရေအတွက်ပေါ်မူတည်၍ ကာကွယ်မှု ရာခိုင်နှုန်း အမျိုးမျိုး ကွာခြားပါသည်။
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ညွှန်းဆိုသော အဝတ် mask တွင် အလွှာ ၃ လွှာ ပါရှိရပါမည်။ ထိုသို့သော အဝတ် mask ကို နေရောင်ထဲ ထောင်ကြည့်သည့်အခါ အလင်းမပေါက်လောက်အောင် ထူတာမျိုး ဖြစ်ရပါမည်။
- ထိုကဲ့သို့ အလွှာ ၃ လွှာ ပါရှိသော အဝတ် mask ၏ ကာကွယ်နိုင်စွမ်းမှာ 50-70% ရှိပါသည်။ စနစ်တကျတပ်ဆင်ပုံ၊ ချုပ်လုပ်သော ပိတ်သားတို့ပေါ်မူတည်၍ ရာခိုင်နှုန်း ပြောင်းလဲနိုင်ပါသည်။
- အဝတ် mask အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ဤတွင် ဖတ်ပါ။ https://www.facebook.com/ckcmohnugmm/posts/113314311020824
0 Comments