
=================================
- အဝတ်ဖြင့် ပြုလုပ်ထားသော mask မှ လွဲ၍ ကျန် တစ်ခါသုံး (disposable) mask များ (surgical mask, N 95, KN 95, KF 94 mask များ အပါအဝင်) ကို #ပြန်လည်လျှော်ဖွပ်ခြင်းမပြုရပါ၊ အကြိမ်ကြိမ်အသုံးပြုခြင်းလည်း မပြုရပါ။ ထိုကဲသို့ ပြန်လျှော်ခြင်းသည် mask ၏ ကာကွယ်နိုင်စွမ်းအားကို လျော့ကျစေသည့်အပြင် သုံးပြီးသား ဖြစ်သည့်အတွက် ထိတွေ့ကိုင်တွယ်သူကိုပါ ရောဂါပိုးကူးစေနိုင်ပါသည်။ ထို့ကြောင့် အသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် အဖုံးပါသော အမှိုက်ပုံးထဲသို့ သေချာစွန့်ပစ်ပါ။
- အဝတ် mask များကို အသုံးပြုပြီးတိုင်း ဆပ်ပြာ/ဆပ်ပြာမှုန့်နှင့် ရေနွေးတစ်ခဏစိမ်ကာ လျှော်ဖွပ်ပေးရပါမည် (#တစ်နေ့လျှင်တစ်ကြိမ်အနည်းဆုံးတော့လျှော်သင့်ပါသည်)။ လက်ဖြင့် လျှော်ဖွပ်ရာတွင် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် လျှော်ဖွပ်ရပါမည်။ ပြီးပါက (ဖြစ်နိုင်လျှင်) နေပူထဲလှန်းကာ လေဖြင့် အခြောက်ခံပါ။
- အဝတ် mask များကို အဝတ်လျှော်စက်နှင့်လည်း လျှော်ဖွပ်နိုင်ပါသည်။
- လျှော်ပြီးသား အခြောက်ခံပြီးသည့် အဝတ် mask များကို လေလုံသော ဇစ်ပိတ်အိတ် (Ziploc bag) နှင့် သော်လည်းကောင်း၊ လေလုံသော စက္ကူအိတ် (paper bag) နှင့် သော်လည်းကောင်း သိမ်းဆည်းနိုင်ပါသည်။
- နေ့စဥ် တပ်ဆင်ချိန် mask ခဏဖြုတ်ထားရန် လိုသည့်အခါ (ဥပမာ - ထမင်းစားချိန်) အထက်ပါနည်းအတိုင်း သိမ်းဆည်းနိုင်ပါသည်။ #စိုထိုင်းနေသည့်maskကိုတော့ပြန်မသုံးသင့်ပါ။ လျှော်ဖွပ်ပြီးမှသာ သုံးပါ။
- ပိုစ့်တစ်ခုအနေနဲ့ တင်ပေးနိုင်အောင် ကြိုးစားပေးပါ့မယ်။
- KF 94 ဆိုသည်မှာ (N 95 နည်းတူ) ကိုရီးယားနိုင်ငံ၏ စံနှုန်းတစ်ခု (Korean standard) ဖြစ်ပါသည်။ #ရောဂါပိုးစစ်ထုတ်နိုင်စွမ်း 94% ရှိသည်ဟု ဆိုပါသည်။
- KF 94 သော်လည်းကောင်း၊ N 95/ KN 95 သော်လည်းကောင်း တစ်ထပ်တည်းသာ တပ်ဆင်ရပါမည်။
- ရောဂါပိုး ကူးစက်နိုင်ခြေ အလွန်နည်းပါသည်။
- mask တပ်၊ လက်ဆေး၊ (၆ ပေအကွာ) ခပ်ခွာခွာနေခြင်းတို့ကို အစဥ်တစိုက်ပြုလုပ်သည့်အပြင် ဝန်ထမ်းများ ထမင်းတူတူစုစားခြင်း၊ နီးကပ်စွာ စုဝေးဝိုင်းဖွဲ့ စကားပြောဆိုခြင်းတို့ကို ရှောင်ကြဥ်ပါ။
- ကိုဗစ်အတွက် Dettol သုံးရန် WHO မှ လမ်းညွှန်ထားခြင်း မရှိပါ။
- ပတ်ဝန်းကျင်ဆေးဖျန်းရန်အတွက် ဆေးဖျော်စပ်ပုံကို အောက်ပါပိုစ့်ရှိ ပုံတွင် ကြည့်နိုင်ပါသည်။
- ဆေးရည်ဖျော်စပ်ပြီးပြီးချင်း မသုံးရပါ၊ ဓာတ်ပြုစေရန် #အနည်းဆုံးမိနစ်၃၀ခန့်စောင့်ရပါမည်။
- ပြီးမှ အထိအတွေ့များသော မျက်နှာပြင်များ (ဥပမာ - လှေကားလက်ရန်း၊ တံခါးလက်ကိုင်ဘု၊ မီးခလုတ်၊ ဓာတ်လှေကားခလုတ်စသည်) ကို ပိုးသတ်သန့်စင်နိုင်ပါသည်။ ပိုးသတ်ဆေးနှင့် မျက်နှာပြင်ထိတွေ့ချိန် #အနည်းဆုံး၁မိနစ်ရှိရပါမည်။
- ဆေးရည်ဖျော်စပ်ချိန်တွင် သော်လည်းကောင်း၊ ဆေးရည်ဖျန်းချိန်တွင် သော်လည်းကောင်း တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ (personal protective equipment) ဖြစ်သည့် ခေါင်းစွပ်၊ ပလတ်စတစ်အကာအကွယ်မျက်မှန်၊ mask၊ ရင်ကာ (apron)၊ ရာဘာလက်အိတ်၊ လည်ရှည်ဖိနပ်တို့ကို ဝတ်ဆင်ထားရန် မမေ့ပါနှင့်၊ သို့မှသာ ဓာတုဆေးရည်များနှင့် ထိတွေ့မှု အန္တရာယ်ကင်းမည် ဖြစ်ပါသည်။
- ဆေးရည်ကို မျက်စိနှင့် ပါးစပ်ထဲမဝင်အောင် အထူးဂရုစိုက်ပါ။ ကလိုရင်းဆေးရည်ကို အခြားသော သန့်ရှင်းရေးသုံးဆေးရည်များနှင့် ထပ်မံရောစပ်ခြင်း မပြုရပါ။
- နှစ်ဦးစလုံး mask တပ်ထားသည့်အတွက် ကူးစက်နိုင်ခြေ အလွန်နည်းပါသည်။
- ကိုယ်တိုင်က positive ဖြစ်ထားဖူးသည့်အတွက် ခန္ဓာကိုယ်ထဲတွင် ရောဂါတိုက်ထုတ်နိုင်သော ပဋိဇီဝပစ္စည်း (antibody) ရှိနေမည်ဟု ယူဆပါသည်။
- လွဲမှားသော အယူအဆများသာ ဖြစ်ပါသည်။
- ကြက်သွန်နီသည် ကိုယ်ခံအားကောင်းစေသည်၊ ဂွေးတောက်ရွက်သည် ဝမ်းမီးတောက်စေသည်မှာ မှန်သော်လည်း ထိုအရာများကို ကိုဗစ်ရောဂါကုသရာတွင် သုံးဖို့ အကြံပြုထားခြင်း၊ အထောက်အထားနှင့်တကွ စမ်းသပ်ထားခြင်း မရှိပါ။
0 Comments